Onycholysis ခြေသည်း-လက်သည်း လန်ခြင်း

Q: ခြေသည်း လက်သည်းတွေမှာ Onycholysis ဖြစ်တာရယ် Splinter haemorrhage ဖြစ်တာရယ်ကို ဘယ်လို ကုသရင် ပျောက်ကင်းနိုင်မလဲ ဆိုတာလေးကို ရေးပေးစေချင်ပါတယ်။ ကျွန်တော်တို့က ဘောလုံးကန်တယ်ဆရာ။ အဲဒါ ထိမိ ခိုက်မိပြီး ခြေသည်း လန်တာတို့ သွေးခြေဥတာတွေကနေ အစောက ပြောသလိုမျိုးတွေ ဖြစ်ကုန်တယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင် ပုံမှန် ပြန်မဖြစ်တော့ဘူး။ ဘယ်လိုဆေးမျိုး သုံးပြီး၊ ဘယ်လိုနေထိုင်ရင် အဆင်ပြေနိုင်မလဲ သိချင်ပါတယ်။

A: Nail lifting လို့ခေါ်တဲ့ ခြေသည်း-လက်သည်း လန်ခြင်း Onycholysis ဆိုတာ ဖြစ်လာရင် ကွာတက်နေတဲ့ ခြေသည်း-လက်သည်း အောက်မှာ ရေ၊ အညစ်အကြေးနဲ့ ပိုးမွှား ဝင်လာနိုင်တယ်။ ဘောလုံးကန်၊ ခိုက်မိရာကနေဖြစ်တာ မဟုတ်ဘဲ၊ နှင်းကူစတဲ့ တခြား အရေပြားရောဂါတွေနဲ့လဲ တွဲဖြစ်တတ်တယ်။ လည်ပင်းကြီး၊ ကိုယ်ဝန်ဆောင်၊ ကင်ဆာ စတဲ့ ရောဂါတွေနဲ့လည်း တွဲတတ်သေးတယ်။ လက်သည်း-ခြေသည်း အလှပြင်ရင် လွန်သွားတာမို့လည်း ဖြစ်နိုင်တယ်။ ဗီတာမင် အေ ကနေလည်း ဖြစ်သတဲ့။ အရွယ်-ကျား-မ မရွေးဖြစ်ပေမဲ့ အမျိုးသမီးများ ပိုဖြစ်တယ်။ ဘယ်လိုကုမလဲဆိုတာဘဲ မေးတာကို ဖြစ်ကြောင်းကုန်စင် ရေးရတာကတော့ ဖြစ်စေတတ်တာကို ရှောင်ပါလို့ ပြောချင်လို့ပါ။

ကိုယ့်ဖါသာ လုပ်နိုင်တာတွေရှိတယ်။ ကွာထွက် ပိုရှည်နေတဲ့ ခြေသည်း-လက်သည်းကို မကြာမကြာ(၁ ပါတ်တခါ) ဖြတ်ပါ။ နေရာကို နေ့တိုင်း ဆပ်ပြာနဲ့ရေ သုံးဆေးပါ။ ခြောက်သွေ့အောင် အသာအယာလုပ်ပါ။ ဖြစ်တဲ့နေရာကို အကာကွယ် လုပ်ပါ။ (ကော်တွန်) ခြေအိတ်၊ လက်အိတ်သုံးပါ။ ရေမစိုရင် ပိုကောင်းတယ်။ တခြားသန့်ရှင်းစေတဲ့ဆေး အပြင်စား မသုံးပါနဲ့။ လိုအပ်မှ ဆရာဝန်ပြပါ။ ဗက်တီးရီးယားဆေး၊ ဖန်းဂတ်စ် (မှို) ဆေး ပေးပါလိမ့်မယ်။

• Imidazole or Allylamine တွေက မှိုအတွက် လိမ်းဆေးတွေပါ။ fluconazole, itraconazole, terbinafine တွေက မှိုအတွက် စားဆေးတွေ။
• Pulsed dye laser treatment နဲ့ Psoralen plus ultraviolet A (PUVA) treatment ဆိုတဲ့နည်းတွေ ထိရောက်တယ်လို့ ဆိုတယ်။ ဘောလုံးသမားဆိုရင် မဖြစ်ခင်ရော၊ ဖြစ်ပြီးရော နေရာကို မထိခိုက်အောင် ဂရုစိုက်ပါ။ ခြေသည်း တိုတိုသာ ပုံမှန်ဖြတ်ပါ။ အစိုလုပ်ငန်းလုပ်လို့ vinyl gloves သုံးရသူတွေ၊ အောက်မှာ light cotton gloves ခံသုံးပါ။ သိပ်ဆိုးတဲ့သူများကို Triamcinolone 2.5-5 mg/mL ဆေးကို ဆားရည်နဲ့ဖျော်ပြီး ဖြစ်တဲနေရာကို ၂ ပါတ် ၁ ခါ၊ ၄-၅-၆ ခါ အပ်သေးသေး 30-gauge needle နဲ့ ထိုးပေးတယ်။ ထုံဆေးရောရတယ်။
• Clobetasol ointment ဆိုတာက corticosteroids ပါတဲ့ပြင်းတဲ့လိမ်းဆေး။ သူထက်ပြော့တာသုံးနိုင်တယ်။
5-fluorouracil 1% solution ဆေးနဲ့ နှိပ်နယ်ပေးနိုင်တယ်။ တနေ့ ၂ ခါ၊ ၄-၅ လ ကြာအောင်လုပ်ရတာ။

Dr. တင့်ဆွေ
၁၄-၅-၂ဝ၁ဝ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး