Project မဟာစီမံကိန်း

• ခရစ္စမတ် တောဖိတ်ရက့့် ဖိနပ်တဖက်၊ ကျည်ဆံထွက်၊ အသက်တချောင်း လက်ပံတောင်း၊
• အမျက်တသောင်း တသိန်း တသန်း၊ သန်းငါးဆယ်၊
• ဝယ်သူ ဝမ်ပေါင်၊ ပေါင်သူ အမည်မဖေါ်၊ ကော်သူ ဦးပိုင်၊ ဆိုင်သူ ပြည်သူ၊
• လူမထင်သူ အစိုးရ၊ ကော်မရှင်ဖွဲ့နေကြ၊ လူတွေက ကော်မရှင်ဆိုရင် မကြားချင် မမြင်ချင်ကြ၊
• ဒေါသကို အတောသတ်၊ အာဏာရှင်တခန်းရပ်ဖို့အရေး မဲပေးပြီးတောထုတ်၊ ဘာသာရေးနဲ့ ပွဲဆူအောင် အလုပ်မခံကြနဲ့၊
• လာမဲ့ ဆန္ဒခံယူပွဲမှာ ယာယီကပ်ဟာ ဂျော်ကာ၊ အဲတာ အသက်ရာကျော်ရှည်ပါစေလို့ (တချို့က) အော်ခဲ့ကြတဲ့ သမတ၊
• သမတမှန်သမျှ၊ ရွေးကော်ကလူတွေ၊ ငွေကိုလေလိုရယူနေသူတွေ၊ မြေယာသိမ်းသူတွေ၊ ပေးလိုက်ကြလေရက်ချိန်း၊
• ကြေးနီစီမံကိန်း၊ သွေးညီစီမံကိန်း၊ အတွေး အပြော အလုပ်ညီကြရမဲ့ အာဏာနဲ့ အရာရာမဲ့သူတွေရဲ့ မဟာစီမံကိန်း။     ။

- ဥပုသ်နေ့ = ကျရောက်တဲ့နေ့ (တင်စားချက်မျှသာ)၊
- အဖိတ်နေ့ = မတိုင်မီနေ့၊
- တောဖိတ်နေ့ = မတိုင်ခင်အရင်တရက်။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး