Thyrox လည်ပင်းကြီးဟော်မုန်းဆေး တသက်လုံးပေး

ဆရာ Thyrox ဟော်မုန်းဆေးရဲ့ Effect ရှိလားဆရာ။ လည်ပင်းကြီးရောဂါ ခွဲစိပ်ထားပါတယ်ဆရာ။ ခွဲပေးတဲ့ ဆရာဝန်က အားလုံးထုတ်လိုက်တယ်တဲ့ တနှစ်ကြာတော့အတော် နေမကောင်းဖြစ်လာတယ်ဆရာ။ ဒါနဲ့ ရွှေဂုံတိုင်မှာ သွားစစ်တာ ရာသက်ပန် သောက်ရမယ်ဆိုတော့ ဆိုးကျိုးတွေရှိလာနိုင်လားလို့ပါဆရာရယ်။

• Levothyroxine ဆေးဖြစ်တယ်။ Thyroid hormone လည်ပင်းကြီးဟော်မုန်း နည်းနေသူတွေအတွက်ပေးတဲ့ သောက်ဆေး ဖြစ်တယ်။
• လည်ပင်းကြီးဟော်မုန်း နည်းတာကို Hypothyroidism ရောဂါလို့ခေါ်တယ်။
• ဟော်မုန်းနည်းရတာ အလိုလိုဖြစ်လာတာ၊ ဓါတ်ကင်ရတာ၊ ဆေးကြောင့်ဖြစ်တာနဲ့ ခွဲစိတ်မှုကြောင့် ဖြစ်တာတွေကနေ ဒီရောဂါဖြစ်စေတယ်။
• လူတိုင်း လည်ပင်းကြီးဟော်မုန်း လုံလောက်မျှတနေဘို့လိုတယ်။ ကလေးတွေမှာ နည်းနေရင် လူစဉ်မမီဖြစ်မယ်။
• ဟော်မုန်းနည်းနေသူဟာ မောပန်းမယ်၊ ကြွက်သားတွေနာမယ်၊ ဝမ်းချုပ်မယ်၊ အသားအရေခြောက်မယ်၊ ကိုယ်အလေးချိန်တိုးမယ်၊ နှလုံးခုန်နှေးမယ်၊ အအေးမခံနိုင်ဖြစ်မယ်။
• ဘေးထွက်-ဆိုးကျိုးတွေ = ဆေးသောက်စ လအနည်းငယ်အတွင်မှာ ဆံပင်ကျွတ်နိုင်တယ်။ ကြာရင် ကောင်းလာမယ်။ ဆေးနဲ့မတည့်လို့ (အလာဂျီ) ရတာမျိုးက အတော်ရှားပါတယ်။ နို့ထဲအထိရောက်နိုင်ပေမဲ့ ကလေးအတွက် မစိုးရိမ်ရပါ။
• ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း တိတိကျကျသောက်ပါ။ အများအားဖြင့် တနေ့ ၁ ကြိမ်၊ အစာမရှိချိန်မှာ ရေတဖန်ခွက်နဲ့ သောက်ရမယ်။ နေ့စဉ်အချိန်တူသင့်တယ်။ ဆေးတောင့်ဖြစ်နေရင် မြိုချလိုက်ပါ။ ကလေးတွေဆိုရင် ရေနဲ့ဖျော်တိုက်ပါ။ နို့မှုန့်နဲ့မဖျော်ပါနဲ့။
• တသက်တာသောက်နေရမယ်။
• Thyrox ဆေးကို Levothroid, Levoxyl, Synthroid, Unithroid စတဲ့ဆေးနာမည်တွေနဲ့လာတယ်။ ဆရာဝန် မပြောဘဲ ဆေးမပြောင်းသင့်ပါ။
• Cholestyramine, Colestipol, Colesevelam, Antacids, Sucralfate, Simethicone, Iron, Sodium polystyrene sulfonate, Calcium carbonate, Orlistat ဆေးတွေကြောင့် ဟော်မုန်းကို နည်းစေနိုင်လို့ အဲလိုဆေးတွေသောက်နေရချိန်မှာ တခုနဲ့တခု ၄ နာရီခြားသောက်ပါ။
• ဟော်မုန်းနည်းလို့ သားသမီးမရသူ၊ လည်ပင်းကြီးကင်ဆာဖြစ်သူတွေကိုလဲ ပေးနိုင်တယ်။ ဆေးကိုတလွဲသုံးပြီး လူပိန်အောင်လုပ်ကြတာလဲရှိတယ်။

ဒေါက်တာတင့်ဆွေ
၎-၉-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး