Vimax and Breast ကျားဆေး-မဆေး ကြော်ငြာပြီးရောင်းတဲ့ဆေး

ဆရာခင်ဗျာ အွန်လိုင်းဈေးဝယ်မူတိုးတက်လာတဲ့နောက်ပိုင်း မြန်မာပြည်မှာ breast actives တို့ vimax တို့လိုဆေးတွေ အွန်လိုင်းပေါ်မှာ ဝယ်ရောင်းဖြစ်နေတာ ဖုန်းဆက်မှာရင်မြို့တွင်းဆို အိမ်တိုင်ရာရောက်လိုက်ပို့တာ နယ်မြို့ဆို ကားဂိတ်က ပို့ပေးတာတွေရှိလာပါတယ်။ breast actives ဆိုရင်လဲတစ်ဗူးကို တစ်သိန်းကျော်ပြီး နှစ်ဗူးသောက်မှ ဆေးစွမ်းပြတယ်တဲ့ vimax ဆိုရင်လဲ တစ်ဗူးကို ခြောက်သောင်းကျော်ပြီး လေးဗူး လေးလသောက်မှ ဆေးစွမ်းပြတယ်လို့ပြောပါတယ်။ အသိထဲက တစ်ချို့လူတွေလဲ ပိုက်ဆံ နှစ်သိန်းသုံးသိန်းအကုန်ခံပြီး အဲဒီဆေးတွေမှာယူသောက်သုးံနေတာ တွေ့ရပါတယ်။  ဆေးမှာညွန်းထားသလို တကယ်ရော အစွမ်းထက်လား။ ဆေးထဲမှာ ဘာတွေပါဝင်တာလဲ။ ဘေးထွက်ဆိုးကျိုးတွေ ဘာတွေ ရနိုင်သလဲဆရာ။ ပြီးတော့ ဘယ်လိုလူမျိုးတွေ သောက်သင့်သလဲ ဘယ်လိုလူမျိုးတွေမသောက်သင့်ဘူးလဲဆရာ။

(၁) Vimax ကျားလိင်အင်္ဂါဆေး
Vimax ဆိုတဲ့ ကျားလိင်အင်္ဂါအတွက် (အွန်လိုင်း) ဆေးကြော်ညာကိုဖတ်ရင် အားလုံးကောင်းပါသည်ခင်ဗျားသာ တွေ့ရပါမယ်။ ၃ လအတွင်း ၃-၄ လက္မပိုရှည်မယ်။ ပိုပြီးသန်မာတောင့်တင်းမယ်။ လိင်ဆန္ဒပိုကဲမယ်။ သုက်လွှတ်စောတာ ပျောက်ကင်းမယ်။ ပြီးတာကလဲပိုကဲမယ်။ အဖေါ်ကိုကောင်းကောင်းဆွဲဆောင်မယ်။

အမေရိကန် American Urological Association က ပြောခွင့်ရှိသူ Dr. Ira Sharlipပြောတာကတော့ "လိင်အင်္ဂါ သန်မာဆေးဆိုတာမျိုး တကယ်မရှိပါ။ အမြတ်အစွန်းအတွက် ရောင်းနေကြာတာပါ။ သိပ္ပံနည်းကျ သက်သေပြနိုင်တာ မရှိပါ။ "ဒီဆေးဈေးကွက်ထဲရောက်လာတာကနေဒါမှာ ၂ဝဝ၁ ကတည်းကပါ။ (ဝက်ဘ်ဆိုက်) ပိုင်ရှင်ကရောင်းရတဲ့အထဲက ကော်မရှင် ၅ဝ% ရတယ်။

(၂) breast actives ရင်သားကြီးဆေး
ရင်သား ကြီးစေ၊ လှစေ၊ တင်းစေ၊ ဆွဲဆောင်မှုရှိစေမဲ့ဆေးတွေ အမျိုးမျိုးကို ကြော်ငြာကောင်းကောင်းနဲ့ရောင်းနေပါတယ်။
• breast enhancement pills
• breast actives pills instructions
• breast success pills
• breast actives pills ingredients
• breast actives pills side effects
• breast actives pills and cream
• breast gain plus pills
• breast gain pills

ဝက်ဘဆိုက်၊ ဖေ့စ်ဘွတ်တွေလဲရှိတယ်။ အွန်လိုင်းကနေ ကြော်ငြာနဲ့ ရောင်းနေတာတွေလဲ အတော်များပါတယ်။ ပုံလှလှလေးတွေ၊ ဗီဒီယိုတွေလဲ ကြည့်တာနဲ့ ဝယ်ချင်အောင်ဆွဲဆောင်မှုကောင်းပါတယ်။ ဆေးထဲမှာ သဘာဝဆေးတွေ ပါတယ်၊ ဘေးထွက်ဆိုးကျိုးကလဲ မရှိသလောက်နည်းတယ် စသဖြင့် ရေးထားပါတယ်။ Customer Reviews: Breast Actives Breast သုံးစွဲသူဆန်းစစ်ချက်ဆိုတာလဲပါတယ်။
• 35 of 38 people found the following review helpful ၃၈ ယောက်မှာ ၃၅ ယောက်က အကျိုးရှိတယ်လို့ပြောတယ်။
• 5 of 6 people found the following review helpful ၆ ယောက်မှာ ၅ ယောက်က အကျိုးရှိတယ်လို့ပြောတယ်။ ဒါတွေကလဲ ဆေးရောင်းသူတွေကပြောတာသာဖြစ်ပါတယ်။

အားလုံးဟာ ကြော်ငြာဆေးတွေဖြစ်ပါတယ်။ စနစ်ကျတဲ့ဆေးသုတေသန မတွေ့ပါ။ ဘေးထွက်ဆိုးကျိုး နည်းနိုင်ပါတယ်။ ထိရောက်မှု ကိုတော့ အာမမခံပါ။ ကျားအင်္ဂါအတွက်ဆေးကုသနည်းတွေ၊ မိန်းမရင်သားအတွက် ဆေးကုသနည်းတွေ ရေးထားပါတယ်။ သတိပေးချက်တွေလဲပါတယ်။ လမ်းဘေးနည်းတွေသုံးမိလို့ ဒုက္ခရောက်ကြတဲ့ ယောက်ျားလေးတွေ အကြောင်းလဲပါတယ်။ ဖေ့စ်ဘွတ်မှာတော့ မတင်ပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး