Military and Crystal Meth စစ်တပ်နဲ့ စိတ်ကြွဆေး

နာဇီခေတ်တုံးက ဟစ်တလာရဲ့လက်ရုံးစစ်ဗိုလ်ချုပ်တွေကလည်း စိတ်ကြွဆေးသုံးခဲ့တယ်။ ဆေးနာမည်က Pervitin ဖြစ်တယ်။ ကနေ့အခေါ် Methamphetamine (မီသမ်ဖက်တမင်း) နဲ့အတူတူပဲ။ ဆေးညွှန်းမှာ Alertness aid လို့ရေးထားတယ်။ ဆေးပေးထားရင် စစ်သားတွေ နိုးကြားနေတယ်။ ၁၉၃၉ ကနေ ၁၉၄၅ အတွင်း ဆေးပြား သန်း ၂ဝဝ ကျော် ထုတ်ပေးခဲ့တယ်။ ကနေ့တော့ အမေရိကားမှာ Crystal Meth လို့ခေါ်တယ်။

အီရတ်စစ်နဲ့ အာဖကန်စစ်ပွဲတွေကတည်းက အမေရိကန်စစ်သားတွေထဲမှာ (PTSD) ခေါ်တဲ့ ထိခိုက်မှုဖြစ်ပြီးနောက် ဖြစ်လာတဲ့ စိတ်ဖိစီးမှု ဝေဒနာဖြစ်သူတွေ များလာခဲ့တယ်။ စစ်မြေပြင်မှာ တာဝန်ကျခဲ့တဲ့ စစ်သည်ပေါင်း ၂၈၉ဝဝဝ ယောက်ကို လေ့လာဆန်းစစ်တော့ ၂ဝဝ၂ တုံးက ဝ့၂% သာ ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၂၂% အထိများလာတယ်။ အမေရိကန်စစ်တပ်က စိတ်ကြွဆေး Ritalin နဲ့ Adderall တွေကို အသုံးပြုခဲ့တယ်။ ၂ဝဝ၁ တုံးက ဒေါ်လာ ၇့၅ သန်းနဲ့ ၂ဝ၁ဝ မှာ အဲဒီဆေးတွေအတွက် ဒေါ်လာ ၃၉ သန်း သုံးခဲ့တယ်။ ၅ နှစ်အတွင်းမှာ အဲဒီဆေး ၂ မျိုးကို ဆေးလက်မှတ် ရေးပေးခဲ့တာလည်း ၃ဝဝဝ ကနေ ၃၂ဝဝဝ အထိ တိုးခဲ့တာဖြစ်တယ်။

စိတ်ကြွဆေးတွေသောက်ရင် စစ်သားတွေ နိုးကြားနေမယ်။ သင်ပေးရတာလည်း အားကောင်းစေတယ်။ ကိုယ်ခန္ဓာကနေ Norepinephrine (နော်အက်ဖဒရင်း) ဓါတ်တွေထုတ်ပေးလာမယ်။ မှတ်ဉာဏ် တာရှည်ရနေမယ်။ အမှန်က PTSD ရောဂါဟာ ကြောက်စိတ်ကိုနည်းစေပေမဲ့ အဲဒီရောဂါကိုပို တိုးစေနိုင်တယ်။ ဦးနှောက်ကနေ အလိုလိုထုတ်ပေးနေတဲ့ (နော်အက်ဖဒရင်း) နည်းစေလို့ဖြစ်တယ်။ ပိုဆိုးတာက ဆေးကစွဲစေတယ်။

(အမ်ဖက်တမင်း) ကို ၁၈၈၇ ခုနှစ်ကတည်းက ဂျာမဏီမှာစပေါ်ခဲ့သုံးခဲ့တယ်။ ၁၉၁၉ ရောက်တော့ ဂျပန်ကနေ ပိုပြင်းတဲ့ အဆင့် လုပ်လာတယ်။ ဒုတိယကမ္ဘာစစ်မှာ စစ်သုံးဆေးဝါးဖြစ်လာတယ်။ ဂျပန် Kamikaze (ခါမီခါဇေ) လေသူရဲတွေကို အသေခံ ဗုံးကြဲမစ်ရှင်တခုမတိုင်ခင်မှာ ဆေးအဆများများပေးတယ်။ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေရော ဝင်ရိုးတန်း နိုင်ငံတွေမှာပါ စစ်ရေးအတွက်အသုံးပြုတယ်။

ပန်းနာနဲ့ ရှော့ဖြစ်ရင်ထိုးရတဲ့ဆေး Ephedrine (အဖက်ဒရင်း) ကနေ (မီသမ်ဖက်တမင်း) ဖြစ်အောင်ပြောင်းဘို့ လွယ်ကူတဲ့နည်းကို ဂျာမန်ဆေးကုမဏီ Temmler ကနေ တီထွင်လိုက်တယ်။ Pervitin (methamphetamine hydrochloride) နာမည်နဲ့ ရောင်းတယ်။ ဂျာမန်တင့်ကား Panzer မောင်းသူတွေကသုံးကြတယ်။ အဲတာနဲ့ Panzerschokolade (Tank-Chocolates) တင့်-ချောကလက်လို့ နာမည် ပေးထားတယ်။

ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန် F-16 လေသူရဲ (အမ်ဖက်တမင်း) သုံးလို့ မိတ်ဆွေကနေဒါ စစ်သားတွေ သေခဲ့တယ်။ Tarnak Farm မတော်တဆဖြစ်မှုလို့တွင်တယ်။ စစ်ကြီးပြီးတော့ လမ်းမတွေပေါ် ရောက်လာတယ်။ ၁၉၆ဝ ကျော်မှာ ထိုးဆေးအဆင့်ဖြစ်လာပြီး ပိုပြီးအသုံးများလာတယ်။ ၁၉၅ဝ ကျော်ကတည်းက အဝေးပြေးကားမောင်းသမားတွေ သုံးလာကြတယ်။ အားကစားသမားတွေနဲ့ ကျောင်းသားတွေ သုံးလာတယ်။

ကနေ့ကာလမှာတော့ ထိုင်း၊ မြန်မာနဲ့ တရုပ်နိုင်ငံတွေကနေ အကြီးအကျယ် ထုတ်လုပ်နေတယ်။ (အမ်ဖက်တမင်း) ရော (မီသမ်ဖက်တမင်း) ရောပါ တွင်ကျယ်နေတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၅
၆-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ