Head injury First Aid ဦးခေါင်းဒဏ်ရာ ရှေးဦးသူနာပြုစုခြင်း

အခုရောက်လာတဲ့မေးခွန်း

ကျေးဇူးပြု၍ မေးခွင့်ပြုပါခင်ဗျာ။ ဦးခေါင်းခွံအက်သွားတာ အသက်အန္တရာယ် စိုးရိမ်ရလား။ ဘယ်လိုကုသမူတွေ ပြုလုပ်သင့်လဲ ခင်ဗျာ။ ဆရာ အခုလူနာက ခေါင်းကိုငြိမ်အောင်ထားခိုင်းတယ်။ လူပ်တာနဲ့မူးတယ်ဆရာ။ နယ်က ဆေးရုံမှာတင်ထားတယ် ဆရာ။ ရန်ကုန်မှာသွားပြရင် လမ်းမှာတခုခုဖြစ်နိုင်လားဆရာ။ ဆရာ ကျေးဇူးပြုပြီး ဖြေပေးပါ ဆရာ

ဖြစ်တဲ့သူ အသက် မသိ။ ကျား-မ မသိ။ ထိခိုက်နည်း မသိ။

၂။ ဆရာမင်္ဂလာပါရှင့် ကျမသားလေးက ၅ လပါရှင် ညနေက ၉ လက်မ ထူတဲ့မွေ့ယာပေါ်ကနေ သမံသလင်းပေါ် လိမ့်ကျလို့ ပါရှင်။ ခေါင်းနဲ့ခွတ်ခနဲတောင် အသံထွက်သွားပါတယ်။ သိပ်တော့မငိုပါဘူးရှင်။ ကလေးကလဲ ခါတိုင်းလိုလန်းလန်းဆန်းဆန်းပါပဲရှင်။ နို့လည်းစို့ပါတယ်။ ခေါင်းမှာဘုသီးလဲမထွက် နီလဲမနီပါဘူးရှင်။ အဲတာ စိုးရိမ်ရပါသလား ဖြေပေးပါအုံးဆရာရှင် ကျေူးဇူးအထူးတင်ပါတယ်ရှင်။

၃။ ဆရာရှင့် ကျွန်မသမီးလေးက အသက် ၅ နှစ်ပါ။ ခုံပေါ်က နောက်ပြန်ပြုတ်ကျတာ ခေါင်းအနောက်ဘက်နဲ့ ကြမ်းပြင်နဲ့ ရိုက်မိသွားပါတယ်။ ခုခေါင်းကိုထိရင် နာတယ်ပြောလို့ပါ။ ဘယ်လိုလုပ်ရပါမလဲ။ သွေးတော့မထွက်ပါဘူး။ ခေါင်းအနောက်ကအရေပြားကတော့ ရဲနေပါတယ်။ သွေးမထွက်ပါဘူး။ ကျေးဇူးပြီးဖြေပေးပါရှင် လေးစားစွာဖြင့်။

ဆောရီး။ ၂၄ နာရီ စောင်ကြည့်ရမယ်။ အန်သလား။ သတိလစ်သလား။ တက်သလား

ဦးခေါင်းဒဏ်ရာရတာ၊ မတော်တဆထိခိုက်မိတာ၊ အမြင့်ကလိမ့်ကျလို့ခေါင်းထိတာဖြစ်ရင် ၂၄ နာရီ စောင့်ကြည့်ရမယ်။ ဒါတွေဖြစ်ရင် ဆေးရုံပို့ပါ။
• အိပ်ချင်နေမယ်၊
• အမူအယာမူမမှန်ဖြစ်မယ်၊
• ခေါင်းနဲ့ လည်ပင်းနေရာတွေ အတော်နာ-ကိုက်-တင်းမယ်၊
• သူငယ်အိမ်နှစ်ဖက် မတူဖြစ်မယ်၊
• ခြေ-လက်လှုပ်မရဖြစ်မယ်၊
• သတိခဏဖြစ်စေလစ်မယ်၊
• မထိခိုက်မိပဲ နားထဲ၊ နှာခေါင်းက သွေးယိုစီးလာရင်၊
• အန်မယ်။

ဆေးရုံမရောက်မီမှာ ဒါတွေလုပ်ပါ။
၁။ လေအဝင်လမ်းစစ်ဆေးမယ်။ သွေးလှည့်ပတ်မှုစစ်ဆေးမယ်။ လိုရင် CPR လုပ်မယ်။
၂။ အသက်ရှူတာနဲ့ နှလုံးခုန်တာမှန်ရင် ခါးရိုးဒဏ်ရာရှိ-မရှိစစ်ဆေးမယ်။
၃။ သွေးထွက်နေတာရှိရင် ရပ်အောင်လုပ်မယ်။ အနာရှိရင်ဆေးထည့်မယ်။ ဒဏ်ရာပြင်းရင် လူနာခေါင်းကို မရွေ့ပါစေနဲ့။
၎။ ဦးခေါင်းခွံကွဲအက်မယ်လို့ သံသယရှိရင် ခေါင်းကသွေးထွက်နေတာကို ဖိအားများများမပေးပါနဲ့။ ဖယ်ရှားသင့်တာတွေကိုဖယ်ရှားပေးပါ။ အနာကိုဖုံးအုပ်ပေးထားပါ။
၅။ အန်နေရင် ဆို့မနေအောင်သတိထားပါ။ ကိုယ်ကိုတဖက်စောင်းထားပေးပါ။
၆။ ရောင်ဖေါင်းနေတဲ့နေရာကို ရေခဲတင်ပေးပါ။

ဆေးရုံမရောက်မီမှာ မလုပ်ပါနဲ့
• ဦးခေါင်းဒဏ်ရာနက်မယ်၊ သွေးထွက်များနေရင် အနာကိုမဆေးပါနဲ့။
• ဦးခေါင်းဒဏ်ရာထဲမှာ နစ်ဝင်နေတာရှိရင် နုတ်မပြစ်ပါနဲ့။
• လူနာကိုသိပ်လိုအပ်မှသာ ရွေ့ပါ။
• လူနာကခေါင်းမူးနေတယ်ဆိုရင် မရွေ့ရအောင်သတိထားပါ။
• ဟဲလ်မက်ဆောင်းထားရင် မချွတ်ပါနဲ့
• အရက်သေစာလုံးဝမပေးပါနဲ့။
• ကလေးဆိုရင် ဦးခေါင်းဒဏ်ရာပြင်းရင် ကောက်မချီပိုးပါနဲ့။

ဆေးရုံကို ဘယ်တော့ဆက်သွယ်ရမလည်း
• ဦးခေါင်းဒဏ်ရာက ကြီးမယ်၊ သွေးအများအပြားထွက်မယ်။
• စိတ်မကြည်မလင်ဖြစ်နေရင်၊ သတိလစ်နေရင်၊ မောပမ်းလွန်းနေရင်။
• အသက်ရှူမမှန်ရင်၊ ရပ်ရင်။

ပြင်းထန်တဲ့ဦးခေါင်းဒဏ်ရာဆိုတာ သွေးအများအပြားထွက်မယ်။ ဦးနှောက်ကိုထိခိုက်မယ်။ ဆေးရုံတင်ကုသရတာဖြစ်တယ်။ သာမန်ဦးခေါင်းဒဏ်ရာက ဆေးကုစရာမလိုတတ်ပါ။ ဒါပေမယ့် ရောဂါလက္ခဏာတွေကိုသတိထားစောင့်ကြည့်ပါ။ နောင်မှာလည်း ဖြစ်လာတတ်တာကို သတိထားပါ။

ဦးခေါင်းဒဏ်ရာမရအောင် ဘယ်လိုကာကွယ်မလဲ
• ကလေးတိုင်းဟာ ဒဏ်ရာမကင်းပါ။ ခေါင်းကိုလည်းထိနိုင်တယ်။ ကာကွယ်ရေးဆိုတာ အတိအကျမရှိပါ။ ဒါပေမယ့်
• ကစားရာ၊ အိပ်ယာ၊ နေထိုင်စရာတွေကို မတော်တဆမဖြစ်အောင်စီမံထားပါ။ လုံခြုံမှုခါးပတ်၊ ဟဲလ်မက်၊ ဦးထုပ်၊ လက်အိတ်၊ ဖိနပ်၊ ဂျက်ကက်၊ ဒူးကာ၊ မျက်နှာဖုံး စသည်။
• ယာဉ်စည်းကမ်း၊ စက်ဘီးစီးစည်းကမ်းတွေ တိတိကျကျလိုက်နာပါ။
• မူးယစ်ဆေးမသုံးပါနဲ့။

Concussion ဦးခေါင်းခိုက်မိခြင်း ကွန်ကားရှင်း https://doctortintswe.blogspot.com/2017/01/concussion.html
CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း https://doctortintswe.blogspot.com/2015/06/cpr.html
CPR for newborn babies မွေးကာစကလေး CPR လုပ်ပေးနည်း https://doctortintswe.blogspot.com/2015/06/cpr-for-newborn-babies-cpr.html
Head injury First Aid ဦးခေါင်းဒဏ်ရာ ရှေးဦးသူနာပြုစုခြင်း https://doctortintswe.blogspot.com/2015/07/head-injury-first-aid.html
Head injury ခေါင်းကိုထိခိုက်မိရင် မပေါ့ရပါ https://doctortintswe.blogspot.com/2015/05/head-injury.html
Miss Brain မပျော့စိခင်မြာ နှစ်ခါနာ https://doctortintswe.blogspot.com/2015/12/miss-brain.html
Shaken baby syndrome ကလေးနှိပ်စက်ခံရခြင်း https://doctortintswe.blogspot.com/2016/02/shaken-baby-syndrome.html

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၇
၂၇-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး