Miss Brain မပျော့စိခင်မြာ နှစ်ခါနာ

ကျွန်တော့်ပို့စ်တခု = Head injury First Aid ဦးခေါင်းဒဏ်ရာ ရှေးဦးသူနာပြုစုခြင်း

ကွန်မင့်တခု = မြှားနီရဲ့ ဆိုလိုရင်းကို ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ။ လေးစားစွာဖြင့်

အတော်များများမှားတဲ့သတ်ပုံတခုဖြစ်တယ်။ (မြား) လို့ရေးရတယ်။

ခေါင်းကို ထိခိုက်မယ်ဆိုရင် ဆိုပါစို့ နဖူးဖက်ကနေထိခိုက်မိမယ်။ အမာစား ဦခေါင်းအခွံထဲက အပျော့စားဦးနှောက်ဟာ နဖူးမှာ တချက်နာမယ်။ နောက် ဦးနှောက်ကို နောက်ဖက်ဆီ ရွေ့စေရာကနေ နောက်စေ့ဖက်က အမာစားနဲ့ ဒုတိယမိ တခါထပ်ညားလို့ မပျော့စိခင်မြာ နှစ်ခါနာဖြစ်ရရှာတယ်။

ကျွန်တော်လည်း အမှားများသူဖြစ်ပါတယ်။ အဲတာကိုရေးစဉ်က ပျော့ နဲ့ ပြော့ မှားခဲ့တယ်။ မှားမှန်းသိရင် ပြင်တဲ့အကျင့်က ကောင်းတယ်။

Dr. တင့်ဆွေ
၃ဝ-၁၂-၂ဝ၁၅
၁၆-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး