Made in Burma မိတ်အင်ဘားမား အစားအစာ

မိုးကုတ်မုံ့တီ ဘူးကြော်ပီတိ၊ ရသာရှိလှ ကြွပ်ရွရွ့

မိုးကုတ်ကဆေးကျောင်းသူနဲ့ရတဲ့ မန္တလေးဆေးကျောင်းသားက အင်္ဂလန်ကနေပြီး လှမ်းကြွားနေတယ်။

ဒီကလူ ပူရီနဲ့ပဲ၊ ၅ ပွဲ၊ အော်ဒါလုပ်ထားတယ်။ ကုလားပြည်မှာ စားလို့ရတာ အဲတာပဲရှိတယ်။ ဒါတောင် သူတို့ရောင်းတဲ့ပဲကို မဖြစ်မှသာစားတယ်။ ပူရီသွားဝယ် အိမ်မှာသာ ပဲဖြစ်ဖြစ် အသားဖြစ်ဖြစ်ချက်ရတယ်။ တောင်ပိုင်းအိန္ဒိယအစာ ပဲကုလားဟင်းတော့ ကောင်းပါတယ်။ ဒန်ပေါက်ကတော့ လူဦးရေ ၁့၂ ဘီလီယန်နေတဲ့တိုင်းပြည်ကြီးက မန္တလေး ဈေးချိုတောင်ထိပ်နဲ့ ရုံတော်ကြီးကိုမမီပါ။

ဒန်ပေါက်ကို ကုလားစာလို့ မှတ်နေကြတယ်။ အိန္ဒိယတိုက်ငယ်ကို အာရပ်က မွတ်ဆလင်ဘုရင်တွေက ကျူးကျော် သိမ်းပိုက်ပြီး နယ်မြေသာမက၊ ယဉ်ကျေးမှု၊ အစားအစာ၊ အဝတ်အစားကအစ ထိုးဖေါက် လွှမ်းမိုးထားတယ်။ အိန္ဒိယဟာ အစ္စလမ်ဘာသာကိုလဲ အဲဒီကနေရခဲ့တာပါ။ အရင်ကတော့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာပဲရှိတယ်။ အေဒီ ၇ ရာစုကတည်းက အစ္စလမ်ဘာသာရောက်လာတာဖြစ်တယ်။ အခုဆိုရင် အိန္ဒိယလူဦးရေရဲ့ ၁၄့၆% (၁၇၇ သန်း) ရှိနေပြီ။

Biryani (ဘီရယာနီ) ခေါ် ဒန်ပေါက်ဟာ ပါရှန် (အီရန်) စကားကနေလာတယ်။ တူရကီကနေဆင်းသက်တယ်။ အိန္ဒိယ မြောက်ပိုင်းကို တူရကီမွတ်ဆလင်ဘုရင်တွေ ဝင်ရောက်သိမ်းပိုက်တဲ့နောက်မှာ ရောက်လာတာ။ Mughal Empire (မူဂေါလ်) အင်ပါယာမှာ နာမည်ကြီး နန်းတွင်းအစားအစာဖြစ်တယ်။

ကုလားစာ၊ အာရတ်စာ ဘာပြောပြော မိတ်အင်ဘာမားလောက်မကြိုက်ပါ။ ကိုယ်ဆီကလုပ်တာပဲကောင်းတယ်ထင်တယ်။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၆
Photo by DrZaw Min and food by Dr. Khin Hnin Wai

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး