Sagaing Division Chief Minister

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ကျွန်တော့်ညီအရင်း မုံရွာက ဦးတင်လေး

ကျွန်တော်က ကိုမြင့်နိုင်လို့ပဲခေါ်တယ်။ ၁၉၉ဝ ရွေးကောက်ပွဲအပြီးကတည်းက လက်တွဲလာသူ။ စင်ပြိုင်အစိုးရဖွဲ့ရေး အသည်းအသန်လုပ်ကြတုံးမှာ သူက ကျွန်တော့်ပုလဲကအိမ်အထိ ရောက်လာတယ်။ စစ်ထောက်လှမ်းရေးရန်ကရှိတော့ ဘာလုပ်လုပ် အတတ်နိုင်ဆုံး သိုသိပ်လျို့ဝှက်ကြရတယ်။ လာတဲ့သုံးယောက်လုံးက အလွန်မာတဲ့သူတွေမို့ တော်တော့ဟာ သူတို့ကိုမပြောရဲဘူး။ အင်းတော် ဦးစောလှိုင်ကတော့ ထောင်ကလွတ်ပြီး အသည်းကင်ဆာကုသဘို့ ဒေလီကိုလာလို့ စကားတွေအများကြီးပြောကြတယ်။ သူကတော့ ကွယ်လွန်သွားပြီ။

ဒေါက်တာမြင့်နိုင် ထောင်ကလွတ်လာပြီးနောက် စစ်ကိုင်းတိုင်း NLD ဥက္ကဋ္ဌဖြစ်လာတော့ သူလာခဲ့ဖူးတဲ့ ကျွန်တော် ပုလဲအိမ်လေးရှေ့အထိ ရောက်လာတဲ့ ဓါတ်ပုံရတယ်။ အခုလည်း ကျွန်တော့်ကိုဖမ်းမမိလို့ ထောင်လေးနှစ်ချခံရတဲ့ ကျွန်တော့်ညီနဲ့ သူ့လွှတ်တော်ကို လာလည်တော့ ဖက်လှဲတကင်းတွေ့ရလို့ အားရတယ်။ ကိုမြင့်နိုင်က ကျွန်တော့်ထက် ရိုးတယ်။ မာတယ်။ သူလုပ်တာမှာ သူများတွေကပြောစရာရှိလည်း ကျွန်တော်ကတော့ သူ့စေတနာကို ကောင်းကောင်းသိတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ