Proportional Representation System အချိုးကျကိုယ်စားပြုစနစ်
(ပြန်တင်တာဖြစ်ပါတယ်)
၁။ Henry Aung Bhuu ဆရာရေ ကော်လံ တခု နှစ်ခုလောက်ကို ပုံတပုံလောက်ရိုက်ပြီးတင်ပါလား။ ပုံများသွားပေမယ့် ဖတ်လို့အဆင်ပြေလောက်မယ် ။ အခုဖတ်ရတာ အားမရသလို ဖြစ်နေလို့ပါ။ ဆရာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရှိပါစေ။
၂။ Maung Ko Naing နောက်ဆုံးအပိုဒ် ဖတ်လို့မရပါဆရာ။
၃။ Thidar Lwin စာလုံးတွေတော့ဖတ်မရပါ။ ဒါပေမဲ့
၎။ Maung Lay ဖတ်ချင်လိုက်တာ
ကမ္ဘောဒီးယားမှာ နိုင်ငံရေးအပြောင်းအလဲတွေရဲ့ အစပိုင်းလို့သတ်မှတ်နိုင်တဲ့ ရွေးကောက်ပွဲကို ၂ဝဝ၃ မှာ ကျင်းပတော့ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအဖွဲ့တခုနဲ့အတူ လိုက်ပါခဲ့ရဘူးပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ် စည်းရုံးတာတွေ၊ မဲစာရင်း ထုတ်ပြန်တာတွေ၊ မဲဆန္ဒရှင်တွေ၊ တခြား ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို လိုက်လံတွေ့ဆုံ စကားပြော မေးမြန်းခွင့်ရခဲ့ပါတယ်။ နောက်ဆုံးမဲပေးတဲ့ရက်မှာ တောနယ်တွေက မဲရုံတွေကို တခုပြီးတခု သွားကြည့်ခဲ့တယ်။ မဲရေတွက်တော့ မဲရုံတရုံကို ကိုယ်ဖါသာရွေးပြီး လေ့လာ စောင့်ကြည့်ကြပါတယ်။
အမတ်လောင်းတွေထဲက နိုင်တဲ့သူဆိုတာ ချက်ချင်းဆိုသလိုသိတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုတဲ့ ပီအာစနစ် ရှိနေလို့ မဲအများဆုံးရသူတိုင်းက အမတ်မဖြစ်သေးဘူး။ ပီအာစနစ်အရ တွက်တာချက်တာတွေလုပ်ရသေးတယ်။ အဲဒီ ရွေးကောက်ပွဲရလဒ်အရ (CPP) နဲ့ (FUNCINPEC) တွေ ဖွဲ့စည်းပုံအရ တခုမှ ၃ ပုံ ၂ ပုံမရလို့ ညွန့်ပေါင်းအစိုးရ ဖွဲ့လိုက်ရပါတယ်။
PR ပီအာစနစ်ကို ကြိုက်သူတွေအပြော
ပါတီငယ်လေးတွေနဲ့ တသီးပုဂ္ဂလအတွက် တပမ်းသာစေမယ်။ နိုင်ငံရေးပါတီကြီးတွေကနေကြီးစိုးမှု နည်းစေမယ်။ မဲပေးသူများစေမယ်။ ကမ္ဘာမှာ ပီအာကျင့်သုံးတဲ့နိုင်ငံတွေက များတယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာ ရခဲ့တဲ့မဲ အရေအတွက်ကို အချိုးချပြီး လွှတ်တော်မှာ ကိုယ်စားလှယ်ရကြမယ်။ ပါတီတွေများလို့ အိုင်ဒီယာတွေ များစေမယ်။ ရွေးချယ်စရာတွေလဲ များတယ်။ ပါတီငယ်လေးတွေတိုင်းကနေ ကိုယ်စားလှယ် အနည်းဆုံး ၁ ယောက်တော့ရမယ်။ မဲဆန္ဒနယ်မြေကြီးမှသာ လုပ်လို့ မဲမသမာမှုနည်းစေမယ်။ လွှတ်တော်မှာ ပါတီတခုခုကနေ ကြီးစိုးတာ နည်းမယ်။
PR ပီအာစနစ်ကို မကြိုက်တဲ့ဘက်က ထောက်ပြတာတွေ
ကမ္ဘောဒီးယားမှာ အဲဒီကတည်းက Hun Sen ဟွန်ဆန်း ကသာ အခုထိဝန်ကြီးချုပ် ဖြစ်နေပါတယ်။ မြန်မာပြည်မှာ တပါတီထဲကနေလုပ်လုပ် မဲပေးသူ အမြဲတန်းများပါတယ်။ ဆန္ဒခံယူပွဲမှာဆို ၁ဝ၂% တောင်ရှိသေးတယ်။ ကျင့်သုံးနိုင်ငံတွေ များတယ်ဆိုပေမဲ့ ယူကေ၊ ယူအက်စ်၊ အိန္ဒိယ၊ ကနေဒါ၊ ပြင်သစ်တို့ကတော့ ပီအာစနစ် မကျင့်သုံး။ PR ကျင့်သုံးရင် အစွန်းရောက်ပါတီတွေက ကြီးစိုးစေနိုင်တယ်။ ဥပမာ သြတြီးယား ၂ဝဝဝ ရွေးကောက်ပွဲ၊ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်စရာ အလားအလာများတယ်။ ညွန့်ပေါင်းအစိုးရဆိုတာ အားနည်းတယ်။ ဥပမာ အီတလီမှာ လွန်ခဲ့တဲ့ နှစ် ၄ဝ အတွင်းမှာ ပါလီမာန်ကို (၇) ကြိမ် ဖျက်သိမ်းခဲ့ရတယ်။
အမတ်လောင်းဟာ သူမဲဆွယ်စည်းရုံးတဲ့နယ်မြေကို အမှန်တကယ် ကိုယ်စားပြုနိုင်တယ်။ ဒေသအတွက် ပိုကောင်းတယ်။ နိုင်ငံရေးပါတီတွေက အခယာကျတယ်။ တနည်းအားဖြင့် မဲအနည်း-အများ၊ အနိုင်-အရှုံးက သာမညဖြစ်တယ်။ မဲဆန္ဒနယ်မြေ သတ်မှတ်မှုက ရွေးကောက်ပွဲကော်မရှင်လက်ထဲမှာသာရှိမယ်။ မြန်မာပြည်က လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ သိတဲ့အတိုင်းဘဲ။ ပေါ်လစီချတာမှာ ခက်မယ်။ ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေး အထောက်အပံ့ပေါ်လစီ။ လွှတ်တော်ကိုယ်စားလှယ်ကို နိုင်ငံရေးပါတီကနေသာ ဆုံးဖြတ်တာများတယ်။ ပါတီခေါင်းဆောင်တွေက ရှိသင့်တာထက် ပိုပြီး အရေးပါလာစေမယ်။ ပါတီတွင်း အားပြိုင်မှုတွေဖြစ်စေမယ်။ တချို့နိုင်ငံတွေမှာ အဲတာမျိုးနည်းအောင် အစီအမံထပ်ထည့်ထားတတ်တယ်။ ဆွစ်ဇာလန်မှာ မဲပေးသူတွေကနေ ပါတီကခန့်သူကို အစားထိုးနိုင်တယ်။ အဲဒီလူသစ်ဟာ တခြားပါတီကလဲ ဖြစ်ချင်ဖြစ်နိုင်တယ်။
PR ကနေဒါ ဥပမာ
Closed Party List အပိတ်ပါတီစနစ်မှာ မဲပေးသူတွေကနေ ပါတီကိုသာပေးခွင့်ရတယ်။ အမတ်ကိုမပေးရပါ။ ဥပမာ ၁ဝ၆ နေရာရှိတဲ့ အွန်တေးရိုမှာဆိုပါစို့။ မဲစုစုပါင်းရဲ့ ၂၅% ရတဲ့ လစ်ဘရယ်ပါတီက ၂၆့၅ နေရာရမယ်။ ဝ့၉% ရတဲ့ ကွန်မြူနစ်ပါတီက ဝ့၉၅၄ နေရာရမယ်။
Open Party List အဖွင့်ပါတီစာရင်းမှာ မဲစာရင်အရှည်ကြီးထဲမှာ ပါတီတိုင်းက အမတ်လောင်းတွေကို ရေးပေးတားယ်။ စာမျက်နှာ ၁ဝ-၁၅ အထိရှိတယ်။ မဲပေးသူပေါင်း ၁ သန်းရှိတယ်ဆိုပါစို့။ ကွန်ဆာဗေးတစ် ပါတီက ၂၅ဝဝဝဝ ရတယ်ဆိုရင် ၂၆့၅ နေရာရမယ်။ အပိတ်ပါတီစနစ်နဲ့မတူတာက မဲအများဆုံးရတဲ့သူတွေကသာ အမတ်ဖြစ်မယ်။ မဲရတိုင်း အမတ်မဖြစ်နိုင်ပါ။
Mixed Member Proportional Representation အရောစနစ်မှာတော့ ပိုရှင်းတယ်။ နယူးဇီလန်မှာသုံးတယ်။ မဲပေးသူတွေက မဲ ၂ ခုစီပေးရမယ်။ အမတ်လောင်းအတွက်တမဲနဲ့ ပါတီအတွက်တမဲ။ မဲအများဆုံးရတဲ့ အမတ်လောင်းက အမတ်ဖြစ်မယ်။ ဒါပေမဲ့ ပါတီတွေအတွက်ချန်ထားပေးရတာရှိလို့ နိုင်တိုင်းလဲ အမတ် မဖြစ်နိုင်ပါ။
Single Transferable Vote တခါတည်းသောလွှဲပေးနိုင်တဲ့မဲပေးစနစ်ဆိုတာကို သြစတြေးလျားမှာသုံးတယ်။ Hare-Clark system လို့ခေါ်သေးတယ်။ မဲပေးသူတွေကနေ အမတ်လောင်းတွေကို အစဉ်လိုက်မဲပေးရတယ်။
Game of cards ဖဲကစားနည်းသစ်
PR ကို အမျိုးသားလွှတ်တော်မှာ အဆိုတင်သူ = လက်ရှိ ရွေးကောက်ပွဲစနစ်ဟာ ၁၉၃၅ နှစ်၊ ၉၁ ဌာန အုပ်ချုပ်ရေး ကတည်းက နိုင်သူအကုန်ယူစနစ် ဖြစ်နေတယ်။
ကျွန်တော် = ၁၉၉ဝ မှာ အကုန်နိုင်သူက အရှုံးပေးခဲ့ရတယ်။ အခုလက်ရှိကတော့ အကုန်ယူချင်သူက အနိုင်ယူနေတာ ဖြစ်တယ်။
PR အကြောင်းကို တခြားလူတွေမပြောနဲ့ နိုင်ငံရေးထဲကလူတွေ၊ အမတ်တွေ၊ ဝန်ကြီးတွေ၊ သမတ အထိ နားလည်တဲ့သူ အတော်ကိုနည်းတယ်။ ပီအာစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာတောင်မှ သူတို့နိုင်ငံကစနစ်ကိုသာ နားလည်ချင် နားလည်ကြမယ်။ လေ့လာမှုဆိုတာလဲ ဘယ်ခေါင်းစဉ်မှာမဆို မကုန်နိုင်ဘူး။ သိတယ်ဆိုပြီးရေးနေ၊ ပြောနေသူတွေလဲ ကျွန်တော် အပါအဝင် အကုန်သိကြတာမဟုတ်ဘူး။ မြန်မာပြည်မှာ ဘာလုပ်မလဲဆိုတာ ပြောမရသေးလူး။ ၂ဝဝ၈ ဖွဲ့စည်းပုံလိုဘဲ ၁၄ နှစ်ကြာရေးကြတယ်။ ဒါတောင် လူဘယ်လောက်က ဖတ်ပြီးပြီလဲ။ အဆိုး-အကောင်းဆိုတာ ထောက်ပြလို့ရတာတွေချည်းပါ။ ပညာရှင်လိုငြင်းချင်သူတွေကလဲ ငြင်းကြပေါ့။ဒါကြောင့် RFA မှာပြောတုံးကလို လေ့လာစရာတွေများတယ်။ မြန်မာပြည်မှာ ဘယ်လိုဆိုတာ ထွက်မလာသေးလို့ သိပ်မပြောချင်သေးဘူး။ နိုင်ငံရေးလိုကြည့်ချင်တယ်။ ဘာကြောင့် ဒီဟာကြီးလုပ်ချင်လာကြသလဲ။ ဘာ့ကြောင့် သည်အချိန်ကြမှ လုပ်ချင်လာရသလဲ။ သည့်နောက်က စေ့ဆော်ချက် (အကွက်) ကို မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
၂ဝ၁၂ ကြားဖြတ်ပြီးမှ ပီအာ အသံစထွက်တာဖြစ်တယ်။ NLD လွှတ်တော်ထဲရောက်လာလို့ မဟုတ်လား။ NLD ကို ကန့်သတ်ချင်လို့မဟုတ်လား။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ဒေါ်စုကို ကန့်သတ်ထားပြီးပြီ။ အခု ပါတီကို ကန့်သတ်ချင်နေတာ မဟုတ်လား။ ဖွဲ့စည်းပုံပြင်ရေးနဲ့ လူတွေအလုပ်များနေချိန်၊ ဘာသာရေးအစွန်းရောက်အယူအဆအပေါ် ရန်ဖြစ်နေကြချိန်၊ ၂ဝ၁၅ နီးလာချိန်၊ လက်ရှိအစိုးရရဲ့ ဟန်းနီးမွန်းကာလ ကုန်ဆုံးချိန်မှာ ဒါလာတင်တာ မဟုတ်လား။ ပီအာ မဟုတ်လဲ တခြားဟာ ရှာတင်မှာဘဲ။ သူတို့လုပ်လို့ ပီအာမှာကောင်းတာလေးတွေရှိတာတောင်မှ လူကြိုက်နည်းတော့မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖဲကစားသလိုဘဲ။ ဖဲကစားနည်းကျွမ်းကျင်သူနဲ့ ဖဲလိမ်တတ်သူသာ နိုင်တယ်။ ဒီကောင်တွေက တကယ့်ကြေးစားဖဲသမားနဲ့တူတယ်။ ရွေးကောက်ပွဲကော်မရှင်က ဖဲဒိုင်။ မြန်မာပြည်ဟာ မသာအိမ်မဟုတ်ပါ။
PR and Army Chief ပီအာ နဲ့ ကာချုပ်
ရွေးကောက်ပွဲလုပ်မယ်။ မဲတွေကို တပြည်လုံးအတွက် ရေတွက်မယ်။ မဲဆန္ဒနယ် တခုခုကနိုင်ပေမဲ့ အမတ် မဖြစ်နိုင်သေးဘူး။ ရှုံးလဲ အမတ်ဖြစ်နိုင်တယ်။ တပြည်လုံးက စုစုပေါင်းမဲကို % တွက်မယ်။ ပါတီတွေကရတဲ့ မဲ % အလိုက် အမတ်အရေအတွက်ရကြမယ်။ ၁ဝ% ရသူက အမတ် ၁ဝ% ရမယ်။ ပါတီကနေ သူကြိုက်တဲ့သူကို အမတ်စာရင်းပေးမယ်။ မဲဆန္ဒနယ်တွေမှာ နိုင်တဲ့အမတ်လောင်းအရေအတွက် နည်းပေမဲ့ ပီအာစနစ် အရ အမတ်ပိုရနိုင်တယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ ပီအာစနစ် သာရှိခဲ့ရင် တစည မှာ အမတ်ဦးရေ ဒုတိယအများဆုံးရမယ်။ အဲဒီတုံးက ပီအာ မဟုတ်လို့ တစည က စတုတ္ထနေရာသာရတယ်။ ပါတီတွေမှာ သြဇာကြီးမယ်။ တနည်းအားဖြင့် မဲစုစုပေါင်းရဲ့ ၂၅% ရတဲ့ပါတီဟာ ကာချုပ်လိုပဲ အမတ် ၂၅% ခန့်နိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment