Predator Cycle (ပရီဒေတာ) သံသရာ

မနှစ်က ရေကြီးစဉ်က ကြားရလို့ ရေးမိတယ်။ ရေပြန်ကျတဲ့နေရာက ရွာတွေမှာ လူကလည်း မြွေကြောက်ရ၊ မြွေကလည်း လူတွေကိုကြောက်ရ၊ စားစရာမရှိတော့ မြွေမြင်ရင်သတ်စားလိုဖြစ်နေပြီ၊ အပြန်အလှန်ကြောက်နေကြရသတဲ့။

- အပင်ကို သမင်စား၏။ သမင်ကို ခြင်္သေ့စား၏။
- အရွက်စုံ ယုန်စား၏။ ယုန်ကို မြွေစား၏။ မြွေကို စွန်စား၏။
- ခြင်္သေ့နှင့် စွန်တို့သည် သားရဲ (ပရီဒေတာ) များ ဖြစ်ကြ၏။

နိုင်ငံရေးမှာ အရင်ကတော့ မွဲတဲ့-ဆင်းရဲတဲ့-ပစ္စည်းမရှိတဲ့သူတွေကို အသေးစား-အလတ်စား-အကြီးစာ အရင်းရှင်တွေက သွေးစုပ်ကြတယ်လို့ သီအိုရီတွေ စာအုပ်ကြီးငယ် အနီရောင်တွေနဲ့ရေးကြတယ်။ နောက်မှာ အစိမ်းရောင်ကနေ အပြာနုရောင်စာအုပ်ခေတ် ၂၆ နှစ်ကြာတယ်။ အစိမ်းပုတ်ရောင်ကလည်း နောက်ထပ် အဲလောက်နှစ်ကြာပြန်တယ်။

ဘယ်အရောင်နဲ့ခေတ်မှာဖြစ်ဖြစ် (ပရီဒေတာ) သံသရာက အမြဲမှန်ပါတယ်။ နိုင်ငံရေးမှာ အရောင်နဲ့လုပ်စားတဲ့ခေတ်တွေ ကုန်ပါစေ။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၆


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး