Broom with a broom အခမဲ့ တံမြက်စည်းလှည်းခြင်း
Maung Ko Oo ဒါဆို မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းက တရားမဝင်ဘူးလို့ ဆိုလိုတာလားခင်ဗျာ။
Linn Aung Kyaw ဆရာက ဦးနေဝင်းတက်ပြီး နောက်ပိုင်းပြင်တဲ့ သတ်ပုံတွေကို မသုံးတာပါ။
Maung Ko Oo ဟုတ်ပါပြီ။ ဦးတင့်ဆွေရဲ့အမြင်ကိုလည်း လိုချင်ပါတယ်။ ဒါဆို သမတမှ မဟုတ်ပါဘူး၊ ကျန်တဲ့ စာလုံးပေါင်းတွေကိုလည်း အရင်အတိုင်း ရေးမှဖြစ်မှာပေါ့။ နို့မို့ဆို ခုခေတ်လူငယ်တွေလို ရေးချင်သလို ရေးတော့မှာပေါ့ ယဉ်ကျေးမှု မပျောက်စေချင်တာကို လေးစား၍ ရေးလိုက်ခြင်းဖြစ်ပါကြောင်း။
Tint Swe ယဉ်ကျေးမှု၊ ဘာသာစကား မပျောက်စေချင်တဲ့စေတနာဟာ အလွန်တန်ဖိုးကြီးလှပါတယ်။
ကျွန်တော် မြန်မာစာအကြောင်းတွေရေးထားတာ ပုဒ်ရေတရာ (တစ်ရာ မဟုတ်) လောက်ရှိပါပြီ။ စာလေး ၁-၂ ပုဒ်နဲ့တော့ အကဲမဖြတ်စေချင်ပါ။ အဟောင်းတိုင်းသာသုံးရမယ်လို့မဆိုလိုကြောင်းလည်း ဥပမာတွေပေးပြီးပါပြီ။ သမ္မတ မှားတယ်လို့ မပြောပါ။ အရင်ပညာရှင်တွေက အဲလိုရေးကြောင်းသာပြောတာပါ။ တချို့တွေက ပါဠိတွေနဲ့ရှင်းပြကြတယ်။ ကျွန်တော် မတတ်ပေမယ့် မြန်မာ့စွယ်စုံကျမ်းပြုဆရာတွေကတော့ ပါဠိတတ်ကြမှာပါ။ (တ) ကနေ (တစ်) ဘယ်လိုကနေ ဖြစ်လာတာကိုလည်း အထောက်အထား အလွန်ခိုင်မာတာတွေ တင်ပြထားပြီး ဖြစ်ပါတယ်။
ကျွန်တော်က မြန်မာစာမှာ ဆရာလုပ်နိုင်အောင်မတတ်လို့ ငယ်ငယ်ကသင်ခဲ့၊ ဖတ်ခဲ့တာတွေကို အကိုးအကားတွေနဲ့ ထောက်ပြတာသက်သက်ပါ။ ကျွန်တော်ပြောတာကိုသာ လိုက်နာကြပါလို့လည်း တခါမှ မရေးခဲ့ပါ။
တရားဝင်မှုဆိုတာ စာ၊ ပညာမှာ ပြောရတာခက်တယ်။ လူအများက အမိန့်အာဏာနဲ့ခိုင်းမှသာ လိုက်နာချင်ကြတဲ့ အကျင့်က စွဲနေကြတယ်။ ကျွန်တော့်မှာ ဘာအာဏာ၊ ဘာလွှမ်းမိုးမှုမှ မရှိပါ။ ကျွန်တော့် ဘလော့သာပိုင်တယ်။ ဖေ့စ်ဘွတ်မှာ ကွန်မင့်ရေးသူတွေက သူတို့ကြိုက်သလိုရေးလာကြတာကို ဖျက်ချင်ပေမယ့် အားနာလို့ထားနေရတယ်။ သိပ်ဆိုးဝါးတာတွေကိုတော့ ဖျက်တယ်။ ဘလော့တယ်။ ဘန်းတယ်။ ကိုယ်နေတဲ့ဝန်းကျင်ကို နေ့စဉ် တံမြက်စည်း လှည်းပေးနေရသလိုပေါ့။ နောက်ဆုံးမှာ ရွာပြင်ထွက်ချင်လည်း ထွက်ရနိုင်တယ်။ တတ်နိုင်သလောက်တော့ လှည်းကျင်းပါမယ်။
ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၆

Comments
Post a Comment