Nucoxia and Nervolin အနာအကိုက်သက်သာဆေးများ

မင်္ဂလာပါဆရာရှင့်။ ကျမအသက်က ၃၇ ပါ။ ကျမအဖျားဝင်ပြီးတိုင်း ကျောပြင်ကကြွက်သားတွေ အရမ်းနာပါတယ်။ ခြေသလုံးမှာ ကြွက်တက်သလိုမျိုး ကျောပြင်မှာဖြစ်တာပါ။ ဟိုဖက် သည်ဖက်လှည့်လို့မရအောင်နာပါတယ်ရှင့်။ ဖြစ်နေတာ ၄-၅ နှစ်လောက်ရှိပါပြီ။ ဆေးတွေကတော့ NERVOLIN & NUCOXIA 60 ပေးထားတာတွေသောက်နေပါတယ်။ နာတဲ့အချိန်သောက်တာပါရှင့်။

မေးခွန်းမှာ (ပီ) ဆိုတာတွေကို (ပြီ) လို့ပြင်လိုက်ပါတယ်။

၁။ Nucoxia ဆေးထဲမှာ Etoricoxib ပါတယ်။ ဆေးအမျိုးအစား Cox-2 inhibitor ဖြစ်တယ်။ COX-2 inhibitors ကထူးခြားတယ်။ ရောင်တာကိုဖြစ်စေတဲ့ (အင်ဇိုင်းမ်) ကိုသာ ပြစ်မှတ်ထားလို့ အစာအိမ်နံရံကို မထိခိုက်စေဘူး။ ဒါပေမဲ့ နှလုံးရောဂါအတွက် မသုံးနိုင်ဘူး။ အဆီနဲ့တွဲမစားသင့်ဘူး။ Antacids လေဆေးနဲ့ တွဲမပေးသင့်ဘူး။ ဈေးနဲနဲပိုကြီးတယ်။ ဆေးကို ရက်ကြာကြာပေးလို့ ရတယ်။

Rheumatoid arthritis လေးဖက်နာ၊ Psoriatic arthritis အဆစ်နာတမျိုး၊ Osteoarthritis အရိုး-အဆစ်နာ၊ Ankylosing spondylitis အဆစ်ခိုင်နာ၊ Chronic low back pain နာတာရှည်ခါးနာ၊ Acute pain ရက်တိုနာခြင်း၊ Gout ဂေါက်ရောဂါတွေအတွက်ပေးတယ်။

ဘေးထွက်သက်ရောက်မှုများ = အနီဖုများထွက်ခြင်း၊ မျက်စိနာရောင်ခြင်း။

၂။ Nervolin ဆေးထဲမှာ Pregabalin 75mg နဲ့  Methylcobalamin (ဗီတာမင် ဘီ-၁၂) 750mcg ပါတယ်။

Neuropathic pains ခေါ်အာရုံကြောကြောင့်နာတာအတွက်ပေးတယ်။

Peripheral neuropathies အဖျားပိုင်းအာရုံကြောရောင်ခြင်း၊
Diabetic neuropathies ဆီးချိုကြောင့်အာရုံကြောရောင်ခြင်း၊
Intercostals neuralgia နံရိုးကြားနာခြင်း၊
Entrapment neuropathy အာရုံကြောညပ်လို့နာခြင်းတွေအတွက်ပေးတယ်။

လူကြီး တခါသောက် ၁ တောင့်၊ တနေ့ ၃ ကြိမ်။

ဘေးထွက်သက်ရောက်မှုများ = အားယုတ်၊ ခေါင်းမူး၊ ကိုယ်အလေးချိန်တက်၊ ကိုယ်ရောင်။

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး