Rollercoaster ရိုလာကို့စ်တာ နိုင်ငံရေး

မန္တလေးဆေးကျောင်းသား သူငယ်ချင်းတယောက်က သူငယ်ငယ်တုံးက မြွေတွေနဲ့ဓါတ်ပုံရိုက်ထားတာတင်တယ်။ အေ့း့ ငါတော့ မြွေကိုက်လူနာပဲကုမယ်။ မင့်မြွေတော့ မကိုင်ချင်ဘူးကွလို့ပြောလိုက်တယ်။ သူကလည်း ငယ်တုံးကမို့၊ အခုတော့ မလုပ်တော့ဘူးတဲ့။

ကျွန်တော်ဒုတိယမြေး ပင်နီတင့်ဆွေကို အလွန်ချစ်ကြတဲ့ ကိုဝင်းနိုင် + မမော်တို့က ဒေဝါလီ မေလားခေါ်တဲ့ ကစားပွဲ ပျော်ပွဲကို နှစ်တိုင်းခေါ်ခေါ်သွားကြတယ်။ ချားတို့ ရဟတ်တို့ သည်းထိတ်ရင်ဖိုစရာတွေ တက်စီးကြတယ်။ မောင်ပင်နီ နည်းနည်းကြီးလာတော့ ရိုလာကိုစတာလိုဟာ စီးမလားဆိုတော့ မစီးချင်ဘူးတဲ့။ ဟာ့ မင်းငယ်ငယ်က အဲတာကြီး စီးတယ်လေကွာဆိုတော့ ငယ်တုံးကကြောက်ရမှန်း မသိလို့တဲ့။

ကျွန်တော်လည်း ခုနေမှာ နိုင်ငံရေးအကြောင်းရှိလာရင် ပြည်ပြေးမလုပ်ရဲတော့ပါ။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး