Sympathy Flowers အပြစ်မဲ့ခြင်း ပြန်လည်ရရှိပါစေ

နာရေးမှာပို့ပေးတဲ့ပန်းကို Condolence flower လွမ်းသူ့ပန်းခွေလို့ သုံးနှုန်းကြပါတယ်။ ပန်းကတော့ အမျိုးမျိုးပေါ့။ ပန်းအမျိုးအစားတွေ၊ အရောင်တွေ။ ပန်းခြင်း၊ ပန်းခွေ၊ ပန်းတပွင့်၊ ပန်းပွင့်ဖတ် စသဖြင့်။ လိုက်နာလုပ်ဆောင်ဖို့ နည်းနာတွေက နေရာအလိုက်မတူကြပါ။ ဘာသာရေးထုံးစံတွေလည်းရှိတယ်။ အကုန်သိစရာ၊ လိုက်နာစရာတော့မလိုပါ။

Sympathy Flowers လို့ခေါ်တာကလည်းလှတယ်။ စာနာ၊ သနား၊ ညှာတာ၊ ထောက်ထား၊ သမစိတ္တ၊ သပ္ပာယလို့ အဓိပ္ပါယ်တွေသက်ရောက်ပါတယ်။ ဝမ်းနည်းကြေကွဲဖွယ်ရာအချိန်ခါမှာ သေဆုံးသူအတွက် မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းကြောင်းဖေါ်ပြတဲ့ ယဉ်ကျေးမှုပါ။ မိသားစုကို အားပေးရာကျတယ်။ ဒီအချိန်မျိုးဆိုတာ အထိမခံသဘောဆောင်လို့ ပန်းရွေးတာကအစ သတိထားသင့်တယ်။ တခါတလေမထင်မရှား၊ တခါတလေ ထင်ထင်ပေါ်ပေါ်။ ပို့ပေးချိန် အချိန်ကိုက် ဖြစ်သင့်တယ်။ ဒါပေမယ့် နောက်ကျတယ်လို့ မရှိတတ်ပါ။ စာတမ်းရေးတာလည်း သတိပြုကြရတယ်။

Lilies လီလီပန်းသမိုင်းက ဘီစီ ၁၅၈ဝ ကတည်းကနေစတယ်။ Crete ခရိကျွန်း ရှေးဟောင်းဂရိဒဏ္ဍာရီထဲမှာပါတယ်။ ဂရိစာလုံး Leiron ကနေလာတယ်။ နတ်ဘုရားတွေရဲ့ ဘုရင်မ Hera ဟီရာရဲ့ နို့ရည်ကနေလာတယ်လို့ ဖွဲ့ဆိုပါတယ်။ Virgin Mary အပျိုစင်မေရီကို အမွှမ်းတင်ပြီး Chastity ဗြဟ္မစရိယအကျင့်နဲ့ Virtue သူတော်ကောင်းတရားလို့လည်း အဓိပ္ပါယ်ဖွင့်ပါသေးတယ်။

White Madonna lily အဖြူရောင် မက်ဒေါ်နာလီလီပန်းကို သေဆုံးပြီးနောက်မှာ အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေ ဆုတောင်းနဲ့သုံးကြတယ်။ ဆေးမန်းကျောင်းထွက် သူငယ်ချင်း ကိုသံစစ်အတွက်ရေးတာပါ။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး