Aquatabs water purification tablets ရေသန့်ဆေးပြား

ရန်ကုန်က ပို့စ်တခု = ရေသန့် ဆေးပြား ၃ဝ လုံးပါ ၈ ဗူးရခဲ့ပါပြီ။

မန္တလေးက မေးခွန်းတခု = ဆရာ ကျုံးရေသောက်သုံးရန် water Save Aquatabs ရေသန့် ဆေးပြား ထည့်သောက်ရင် ဆိုးကျိုးရှိနှိုင်မလား။

Aquatabs ဆေးပြားကနေ (ဂိုင်ယားဒီးယားဆစ်)၊ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကိုသန့်ရှင်းပေးတယ်။ ဆေး ၁ ပြားကနေ ရေအကြည် ဂါလံဝက်၊ ရေအနောက် ၁/၅ ဂါလံကို သန့်ပေးနိုင်တယ်။ ရေနောက်နေရင် အရင်စစ်ပေးပါ။ အနယ်ထိုင်စေပါ။ အဲဒီရေအတွက် ဆေး ၁ ပြား 0.8 quarts လို့လဲ သတ်မှတ်ထားတယ်။ ရိုးရိုးရေရော pre-treated (settled, coagulated and/or filtered) water supplies သူများတွေက သန့်အောင်လုပ်ထားတာကို သေချာစေဘို့အတွက်ပါသုံးနိုင်တယ်။

မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ၊ ကျုံးရေ၊ တွင်းရေ၊ လှောင်ရေ အားလုံးအတွက်ဖြစ်တယ်။ ရေအပူချိန် 4°C အထိရတယ်။ မသန့်ဘူးထင်တဲ့ရေကို သန့်တဲ့ထည့်စရာထဲထည့်ပါ။ Aquatabs tablet ဆေး ၁ ပြားကို ရေ 1/5 gallon (0.75 litres) ထဲ ထည့်ပါ။ ၁ဝ မိနစ်ကြာရောမွှေပေးပါ။ ၃ဝ မိနစ်စောင့်ပါ။ 6.5 ppm (6.5 mg/L) chlorine solution ရလာမယ်။ အခန်းတွင်းအပူချိန်ရှိတဲ့ရေ ၂ ကွာတ ကို Aquatabs tablet ၁ ပြားထည့်ပါ။ 2.6ppm (2.6mg/L) chlorine solution ရလာအောင် ၁ဝ မိနစ်ကြာရောမွှေပါ။ ၃ဝ မိနစ်စောင့်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး