Alteration ဘဝပြောင်းသွားသော သတ်ပုံ

ကျွန်တော့်ပို့စ်တခု = Chili grinder machine စပ် နဲ့ စက်

Lorreta Win ဆရာ မသိလို့မေးပါရစေ။ စပ်ကူးမပ်ကူးလို့ ဆရာရေးထားတာတွေ့ရပါတယ်။ အခုစာအုပ်တွေမှာရော ကျွန်မပါ မှတ်သားသလောက်ကတော့ စပ်ကူးမတ်ကူးပါဆရာ။ ဆရာ့အမြင်ရှင်းပြပေးပါရှင့်။

Tint Swe ဟုတ်ပ။ ဆရာလည်း စပ်ကူးမတ်ကူးလို့ရေးနေကျ။ အဲတာ အွန်လိုင်းသတ်ပုံကျမ်းကနေ ခပ်လွယ်လွယ်စစ်ပြီး စပ်ကူးမပ်ကူးလုပ်မိတာ။ အစိုးရထုတ်သတ်ပုံစာအုပ်မှာ စပ်ကူးမကူးတဲ့။ အဲတာကြီးက တမျိုး။

ကျွန်တော့် သဘောတွေ့တာကတော့ စပ်ကူးမတ်ကူး။ စပ်ကူးမကူးဆိုပြီး ဘယ်အချိန်က ဘဝကူးသွားလဲ သတိမထားလိုက်မိဘူး။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)