Spouse ကြင်ယာ နဲ့ ကြင်ရာ


အခုထုတ်သတ်ပုံစာအုပ်တွေနဲ့ စာရေးသူတွေက ကြင်ရာလို့သာရေးနေကြတယ်။

ရွှေတိုင်ညွန့်ရေးတဲ့ ကြင်ယာတော်သီချင်းရှိတယ်။
မြတ်စွာဘုရား၏ကြင်ယာတော် = ယသော်ဓရာလို့ရေးထားတာလည်းရှိတယ်။

မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂)၊ စာမျက်နှာ (၆၅) မှာ လူဝီဘုရင်များအကြောင်းထဲမှာ ပဌမကြင်ယာတော်ဖြစ်သူ ဂျုံးမင်းသမီးကို ကွာရှင်း၍ ဆဋ္ဌမချားဘုရင်၏ကျန်ရစ်ခဲ့သော ကြင်ယာတော်အန်းနှင့်လက်ထပ်သည်လို့ရေးထားတယ်။

မြန်မာ့စွယ်စုံကျမ်းပြုပညာရှင်တွေကညံ့သလား။ နောက်တက်ပညာရှင်တွေက ပိုတော်သလား မသိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး