Japan model ဂျပန်နမူနာ

သြဂုတ်လ ၉ ရက် ကျွန်တော့်မွေးရက် ၁၉၄၅ မှာ ဂျပန်နိုင်ငံ နာဂါဆာကီမြို့ အနုမြူဗုံးချခံရတယ်။ လူပေါင်း ၃ သန်း သေတယ်။ ၉ သန်းကနေစရာအိမ်မရှိတော့ပါ။ မြင်မြင်သမျှ ပြားချပ်ကုန်ပြီ။ ဂျပန်တွေ ဘာလုပ်ခဲ့ကြသလဲ။

ကမ္ဘာမှာ ချမ်းသာနေတဲ့နိုင်ငံတွေ ဘယ်လိုကနေဘယ်လို ချမ်းသာလာကြသလဲက စိတ်ဝင်စားဘို့ အလွန်ကောင်းတယ်။ ဖေ့စ်ဘွတ်လိုနေရာမှာ စာတမ်းလိုရေးရင် ဘယ်သူမှဖတ်မှာ မဟုတ်ပါ။ အဲဒီမေးခွန်းကို ခပ်သောသောနဲ့ ဖြေခဲ့ဘူးတယ်။ အဲလိုချမ်းသာတဲ့နိုင်ငံကလူတွေဟာ အရင်က ပင်လယ်ဓါးပြတွေ ဖြစ်ခဲ့ကြတယ်လို့။ နောက်စိတ်ဝင်စားဘို့ ကောင်းတာတခုက ဂျပန်ဟာ ဒုတိယကမ္ဘာစစ်မှာ မရှုမလှ အရှုံးကြီးရှုံးခဲ့ရာကနေ ကနေ့မှာ ဘာလို့ချမ်းသာလာသလဲ။

ဂျပန်လူမျိုးတွေဟာ ငတ်မွတ်မှုထဲကနေ၊ ရတာကိုစားပြီး ဗိုက်ဖြည့်ကြတယ်၊ အလုပ်လုပ်စရာမရှိချိန်မှာ မီးခိုးခေါင်းတိုင်ကနေ အငွေ့ထွက်သလို ဆေးလိပ်သောက်ကြတယ်၊ ဒီကြားထဲကနေ ကမ္ဘာမှာ လူတိုင်းက လေးစားအားကျရတဲ့အဆင့်ကို မရရအောင် လုပ်ဆောင်ပြနိုင်ကြတယ်။ (မေဂျီ) ပြုပြင်ပြောင်းလဲရေးခေတ်တုံးကလို သန္နိဋ္ဌာန်နဲ့ စည်းကမ်းကိုပြန်ပြီးစွဲကိုင်လိုက်ကြတယ်။ ၁၉၄၆ ကနေ ၁၉၈၉ အထိသာ ကြာလိုက်ပါတယ်။ ဘယ်သူကမှ ဖြစ်နိုင်မယ်လို့မထင်မှတ်တဲ့ ချမ်းသာကြွယ်ဝမှုနဲ့အတူ ထိုက်တန်တဲ့ဂုဏ်သိက္ခာကို စုစုစည်းစည်းနဲ့ အရယူနိုင်လိုက်ကြပါတယ်။ အနာဂတ်အတွက်လဲ ကြီးမားတဲ့ မျှော်လင်ချက်ကို ရစေလိုက်ပါတယ်။

ကျွန်တော်တို့တတွေဟာ ငတ်မွတ်မှုထဲကနေ၊ ရတာကိုစားပြီး ဗိုက်ဖြည့်ကြရတဲ့ ဂျပန်တွေဘဝနဲ့တော့တူနေပါပြီ။ ဒီကနေတက်ဘို့ရာ ကျွန်တော်တို့တတွေမှာ ဂျပန်တွေနဲ့ ဘာတွေများတူလို့၊ ဘာတွေမတူနေပါသလဲ။ မီးခိုးခေါင်းတိုင်ကနေ အငွေ့ထွက်သလို ဆေးလိပ်သောက်ကြတယ်။ ကြွက်တွင်း ရေလောင်းလို့ မပြည့်နိုင်သလို အရက်သောက်ကြတယ်။ (မေဂျီ) လိုဘဲ ကနောင်မင်းသားကြိုးစားဘူးတာရှိတယ်။ သန္နိဋ္ဌာန်ဆိုတာ (မဆလ) ခေတ်က ကျောင်းတိုင်းမှာအဆိုခိုင်းတဲ့ ကျွန်ုပ်တို့၏ယုံကြည်ချက်မဟုတ်ပါ။ စစ်အစိုးရကတည်းက နေရာတိုင်းမှာထိပ်ကပါနေတဲ့ ဒို့တာဝန်အရေးများမဟုတ်ပါ။
စည်းကမ်းဆိုတာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ပြောတာမဟုတ်ပါ။

ဂျပန်တွေက (၁၉၄၆ - ၁၉၈၉) ၄၃ နှစ်နဲ့ကမ္ဘာ့ထိပ်အထိ တက်နိုင်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ (၁၉၆၂ -၁၉၈၇) ၂၅ နှစ်နဲ့ ကမ္ဘာ့အောက်အထိ ဆင်းနိုင်ခဲ့တယ်။ LDC ဘဝကနေ တက်လမ်း မမြင်ရသေးပါ။ ကွာခြားချက် နောက်တခုကတော့ ဂျပန်လွှတ်တော်ထဲမှာ ယူနီဖေါင်းဝတ်တွေ မထိုင်ပါ။ ဂျပန်နိုင်ငံရေးမှာ ယူနီဖေါင်းချွတ်တွေက ဦးစီးမထားပါ။ နောက်ဆုံးဖြစ်လာတဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး (တိုမိုနီ အင်နာဒါ) က အရပ်သူဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၄
၈-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး