တင်ပါ့ဘုရား သမိုင်းမှားသတဲ့

Leopard Ye-u comment တော့ ရေးချင်သားဗျ။ ဟိုနေ့က သမတ နှင့် သမ္မတ လိုပုံစံဖြစ်နေတာ။ ဆရာကြီးမှာ စစ်အစိုးရဆိုတဲ့ အစွဲကြီးရှိနေတော့ ရေးရမှာ ဥုးပဉ္စင်းအနေနဲ့ အားနာတယ်။

တင်ပါ့ဘုရား။ စစ်အစိုးရကို မေ့လိုက်တော့လို့ ခိုင်းတာလားတော့ မသိပါဘုရား။

မြစေတီကျောက်စာက ပုဂံခေတ်၊ ပေလေးပင်ရှင်လေးပါးက အင်းဝခေတ်၊ ကုသိုလ်တော်ဘုရား ကျောက်စာတွေက ကုန်းဘောင်ခေတ် စသဖြင့် ခုနှစ်မသိတောင် ခေတ်ကိုတော့ အနည်းဆုံးမှတ်ရပါတယ်။ မြန်မာစာသတ်ပုံတွေကို ပြင်စေတာက ၁၉၈၁ ကစတော့ ဗိုလ်ချုပ်ကြီးကနေ ဦးနေဝင်းဖြစ်သွားလို့ စစ်အစိုးရမပြောချင်လည်း (မဆလ) ခေတ်လို့ ခေါ်နိုင်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းတွေပြုစုထုတ်ဝေခဲ့တာက (ဖဆပလ) ခေတ်ဖြစ်ပါတယ်။ သတ်မှတ်တဲ့သတ်ပုံမဟုတ်ရင် ထုတ်ဝေခွင့်မရတာကတော့ စစ်အစိုးရခေတ်စစ်စစ်ဖြစ်ပါတယ်။

အကြောင်းအရာကို သမိုင်းနဲ့၊ သမိုင်းကိုခေတ်နဲ့မှတ်ယူခြင်းဟာ အစွဲလို့ပြောချင်တာပါလားဘုရား။ ရိုသေစွာဖြင့် -

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး