L-carnitine အားဆေးတမျိုး

မင်္ဂလာပါဆရာ။ L carnitine နဲ့ပတ်သက်ပြီး ကောင်းကျိုး-ဆိုးကျိုးလေးသိချင်လို့ပါရှင်။ L carnitineကိုအဆီကျဖို့အတွက်ထိုးဆေး၊ သောက်ဆေး၊ လိမ်းဆေးတွေမှာပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

L-carnitine (အယ်လ်-ကာနတင်း) ဆိုတာ အမိုင်နိုအက်စစ်တခုဖြစ်တယ်။ အလွယ်ခေါ် ပရိုတင်းတမျိုးဖြစ်တယ်။ လူ့ကိုယ်ကနေ အလိုလို ထုတ်ပေးနေတယ်။

L-carnitine supplements အားဆေးရှိတယ်။ အဲဒီအားဆေးကို ကိုယ်ခန္ဓာကနေ အလိုလို ထုတ်မပေးနိုင်သူတွေကို ပေးရတယ်။ အဲတာမျိုးက မျိုးဗီဇရောဂါဖြစ်တယ်။ အတက်ရပ်ဆေး Valproic သောက်နေရသူတွေလည်း လိုတယ်။ ကျောက်ကပ်ဆေးနေရသူကိုလည်း ပေးတယ်။ အသားလုံးဝမစားသူတွေကတော့ လိုနိုင်တယ်။ ကိုယ်အလေးချိန်မပြည့် မွေးလာသူတွေကိုလည်း ပေးကြတယ်။

(အယ်လ်-ကာနတင်း) ကို နှလုံးနဲ့ သွေးကြောတွေတည်ဆောက်ရာမှာလိုအပ်တယ်။ အဲလိုရောဂါရှိသူတွေ လိုနိုင်တယ်။ ကိုလက်စထော များသူတွေလိုနိုင်တယ်။ AIDS ဆေးသောက်နေရသူတွေ၊ အာဟာရချို့တဲ့သူတွေ၊ ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါရှိကလေးတွေမှာ လိုနိုင်တယ်။

အသက်ကြီးလို့အားနည်သူ၊ ဆံပင်ကျွတ်သူ၊ အားကစားသမား၊ အော်တဇင်ရောဂါရှိတဲ့ကလေး၊ ကင်ဆာကြောင့် အားနည်းသူ၊ အားနည်းသူ၊ အသည်းရောဂါ၊ အဆုပ်ရောဂါ၊ ဆီးချို၊ မှတ်ဉာဏ်ကောင်းချင်သူ၊ မိုင်ဂရင်းရှိသူ၊ နှလုံးအတက်ရသူ၊ အရက်မသောက်ပဲအသည်းရောဂါရှိသူ၊ ပိန်နေသူတွေ ဒီဆေးသောက်လို့ အကျိုးမများစေပါ။ မေးခွန်းထဲမှာပါတဲ့ ပိန်ဆေးဆိုရင် ပြောင်းပြန်ဖြစ်နေတယ်။

ကိုယ်ဝန်ဆောင်နေသူသူနဲ့ ကလေးနို့တိုက်နေချိန်မှာ မသုံးသင့်ပါ။ လည်ပင်းကြီးဟော်မုန်းနည်းသူနဲ့ ကျောက်ကပ် အလုပ်မလုပ်သူတွေလည်း မသုံးသင့်ပါ။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး