Indian Trumpet ကြောင်လျှာသီး

ငယ်သူငယ်ချင်းတယောက်က ဒီနေ့တော့ Furen International School က video interview ရှိတာနဲ့ မစီးဖြစ်တာကြာပြီ ဖြစ်တဲ့ နက်ကတိုင်လေးစီးဖြစ်တယ် စသဖြင့်ရေးတာတွေ့တယ်။ ခေါင်းစဉ်က ကြောင်လျှာသီးနဲ့တဲ့။

ဟိုတလောက ကျွန်တော် အင်္ဂလိပ်စာသင်ကူနေတဲ့ကျောင်းမှာ ဖတ်စရာတခုမှာ လက်ငင်းဖြစ်နေတဲ့ သတင်းတပုဒ်ကို ဖတ်ခိုင်းတယ်။ အမေရိကန်သမတလောင်း ဒေါ်နယ်ထရမ့်။ Trump ထရမ့်လို့ ရေးတော့ ကျောင်းသားတယောက်က သူ့ဖုန်းထဲက အင်္ဂလိပ်-မြန်မာအဘိဓာန်ထဲမှာလိုက်ရှာတယ်။ စာလုံးနဲ့အနီးစပ်ဆုံးဖြစ်တာ Trumpet ပေါ်လာပြီး ဗမာလို ကြောင်လျှာသီးတဲ့။ ကျောင်းသားက ဘယ်လိုမှဆက်စပ်မရ၊ ဒုက္ခရောက်နေလို့ ရှင်းပြရတယ်။

ကြောင်လျှာပင်ကို Indian Trumpet လို့ခေါ်ကြတာများတယ်။ Broken Bones နဲ့ Damocles Tree လို့လည်းခေါ်တယ်။ ရုက္ခဗေဒလို Oroxylum Indicum ခေါ်တယ်။ ဟင်ဒီလို Muhudie လို့ခေါ်တယ်။ ကြောင်လျှာသီးကို Oroxylum pod လို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး