Fever in Children ကလေးတွေဖျားရင်

ကလေးတွေဖျားတာ ကလေးဆေးပညာ အရေးပေါ်ဌာနကို အများဆုံးလာတဲ့ရောဂါတခုဖြစ်တယ်။ ဖျားတယ်ဆိုတာ စအိုကနေတိုင်းရင် အပူချိန် 100.4 F (38.0 C) ရှိတာကိုခေါ်တယ်။ တကယ့်အပူချိန်ဟာ အဲလိုတိုင်းတာနဲ့ 1 F ကွာနိုင်တယ်။ ကိုယ်အပူချိန်ဟာ 107 F (41.6 C) အထိရှိပေမဲ့ ကလေးအသက်အန္တရာယ်ကိုစိုးရိမ်ရတယ်လို့ မဆိုလိုပါ။ အဖျားရှိတယ်ဆိုတာ အခြေခံရောဂါတခုခု ရှိနေတယ်လို့ ပြနေတာဖြစ်တယ်။ အများဆုံးဖြစ်တဲ့ ရောဂါပိုးဝင်ခြင်းတွေက ဆိုးတာတွေမဟုတ်ပါ။ ကိုယ်အပူချိန်ကို ဦးနှောက်ထဲမှာရှိတဲ့ Hypothalamus ဟိုက်ပိုသဲလမစတ်စ် ကနေလုပ်ပေးနေတာဖြစ်တယ်။ ရောဂါပိုးဝင်လာရင် အဲဒီနေရာကနေ ကိုယ်အပူချိန်တက်အောင်လုပ်ပေးနေတာဖြစ်တယ်။

ဘာလို့ဖျားသလဲ -
1. ဗက်တီးရီးယားဝင်ခြင်း၊
2. ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊
3. ဆေးဝါးတွေကြောင့်ဖြစ်ခြင်း၊
4. မူယစ်ဆေးဝါးသုံးခြင်း နဲ့
5. ပတ်ဝန်းကျင်အပူချိန်ကနေသက်ရောက်ခြင်းတွေဖြစ်တယ်။

ရောဂါရှာဖွေခြင်း
1. Chest X-ray ရင်ပတ်ဓါတ်မှန်၊
2. Complete blood count (CBC), electrolytes, and cultures သွေးစစ်ခြင်း၊
3. Urine ဆီးစစ်ခြင်း၊
4. Lumbar puncture ခါးရိုးဆစ်ထဲကအရည်ဖေါက်ယူစစ်ဆေးခြင်း၊

ဆေးကုသပေးခြင်း
ဆေးစစ်ပေမဲ့ ရောဂါနာမည်ကိုအမြဲဆန်းသိရတာတော့မဟုတ်ပါ။ အသက်ရှူလမ်းမှာ ဗိုင်းရပ်စ်ပိုးဝင်တာကနေ အများဆုံးဖျားကြတယ်။ ဗိုင်းရပ်စ်ကိုသေစေတဲ့ဆေးဆိုတာ မပေါ်သေးလို့ ကလေး ခံစားနေရာတာတွေ သက်သာစေမဲ့ ဆေးကုသနည်းကိုသာ လုပ်ပေးပါမယ်။ ကိုယ်ပူကျဆေးတွေပေးမယ်။ ရေ + ဆားဓါတ် နည်းနေရင် ပါးစပ်ကနေ ဓါတ်ဆားရည် သောက်စေမယ်။ လိုအပ်ရင် ဆေးသွင်းရမယ်။ အန်နေရင်လဲ ကုသပေးမယ်။ ဗက်တီးရီးယားဝင်တာဆိုရင် ပိုးသေဆေးပေးမယ်။ ဥပမာ ဆီးလမ်းပိုးဝင်ခြင်း၊ နားပိုးဝင်ခြင်း၊ လည်ချောင်းနာခြင်း၊ ဆိုင်းနပ်စ်၊ အရေပြားအနာ၊ နူမိုးနီးယား။ ဗက်တီးရီးယားကြောင့် ဦးနှောက်အဖုံးလွှာရောင်ရင် ဆေးရုံတင်ရမယ်။

အိမ်မှာတင် ဘာလုပ်သင့်သလဲ
ကလေးနေသာထိုင်သာရှိအောင်ပြုစုရမယ်။ ကိုယ်ပူကျဆေးတွေကတော့ Acetaminophen (Children's Tylenol, Tempra) and Ibuprofen (Children's Advil, Children's Motrin) ဖြစ်တယ်။ မြန်မာပြည်မှာ Paracetamol လို့သိကြတယ်။ Acetaminophen နဲ့ အတူတူပါဘဲ။ ဆေးတိုင်းကို ကလေးကိုယ်အလေးချိန်နဲ့အတိအကျတိုက်ရပါမယ်။ စာသပ်သပ်ရေးထားပါတယ်။ Aspirin ဆေးမပေးပါနဲ့။ ကလေးအဝတ်အစာကို လိုတာထက်ပိုမထူထဲစေပါနဲ့။ ကိုယ်ပူချိန်များနေချိန်မှာ ရေပတ်တိုက်ပေးပါ။ ရေ + အရည် များများတိုက်ပေးပါ။

ဖျားနေတာ ၁-၂ ရက်နဲ့မကျရင်၊ အပူချိန်သိပ်လွန်ကဲလာရင်၊ ကလေးမသက်သာဘဲ ဆိုးတဲ့ရောဂါလို့ သံသယရှိလာရင် ကလေးအထူးကုဆရာဝန်ကိုပြပါ။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး