ဥပုသ်စောင့် ကဗျာ

ကျောင်းကြီးပေါ်မှာမောင်မဆော့နဲ့ ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်ဆိုတဲ့ စာထဲမှာ အော့ ဆိုတဲ့စာလုံးရဲ့ အဓိပ္ပါယ်ကို ပြောပြပေးပါဦးဆရာ

ဆွမ်းအုပ်နီနီဆိုပြီး တင်ထားကြတာတွေ တွေ့တယ်။ အမှား အမျိုးမျိုး တွေ့တယ်။ တချို့က ကဗျာခေါင်းစီးမှားနေတယ်။ 

မင်းသုဝဏ်ရေးတာက ဥပုသ်စောင့်ခေါင်းစီးနဲ့ရေးပါတယ်။ အဲတာကို ဆွမ်းအုပ်နီနီလို့ရေးတာ အကြောင်းမဟုတ်လှပါ။ သီချင်းကဗျာစာသားတွေတင်တဲ့နေရာတခုမှာ ဆွမ်းအုပ်နီနီ အမေရွပ်လို့ လို့ရေးထားတယ်။ ရွက် နဲ့ ရွပ် မှားနေတယ်။ နက်ဖြန်မနက်နဲ့ မနက်ဖြန်သဘက် မှားနေတယ်။ ကျောင်းထွက်မယ် နဲ့ ကျောင်းတက်မယ် မှားနေတယ်။ မောင်ငယ်ဆော့တော့ နဲ့ မောင်မဆော့နဲ့ မှားနေတယ်။ တချို့က ဥပုသ်ကို ဥပုဒ်လို့ ရေးတယ်။ မှားတယ်။

ဘုန်းကြီးအော့လို့ ဂီတသင်္ကေထဲမှာ ရေးထားတယ်။ ဘုန်းကြီးအော်ကို အသံအရ ရေးတာဖြစ်ပါမယ်။ မနှစ်သက်တာကို ဆိုလိုတာလည်း ဖြစ်နိုင်တယ်။ အော့စာလုံးက အော့အန်တာမှာ သုံးတယ်။

ဥပုသ်စောင့် 

ဆွမ်းအုပ်နီနီ၊ အမေရွက်လို့
နက်ဖြန်မနက်၊ ကျောင်းထွက်မယ်။

မောင်လည်းလိုက်မယ်၊ ချန်မထားနဲ့
အမေသွားတော့၊ ပျင်းလှတယ်။

ကျောင်ကြီးပေါ်မှာ၊ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော့လို့၊ ရိုက်လိမ္မယ်။

မောင်မဆော့ပေါင်၊ စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို၊ နေပါ့မယ်။
လိုက်မယ်၊ လိုက်မယ်။

အမှားတွေ ဝေနေသူများ၊ အမှားတွေ တင်နေသူများ၊ အမှားတွေ သင်ပေးနေသူများ၊ အမှားနောက်သာလိုက်ပါလို့ အခွင့်အာဏာအရလုပ်နေသူများ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ