Water, water everywhere and not a drop to drink စေတနာတစက်
မြန်မာပြည်မှာ ရေတွေကြီးနေသတဲ့။ အမိမြေမှာ မနေကြရသူတွေပါ စိတ်မကောင်းကြီးစွာ ဖြစ်ကြရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ အင်ဒီယာနာပလစ်မြို့နေ မြန်မာနိုင်ငံသားများအားလုံး ၁၄-၈-၂ဝ၁၆ တနင်္ဂနွေနေ့မှာ သရဏမဉ္ဇျူဘုန်းကြီးကျောင်းကို နေ့ (၁) နာရီအချိန် ကြွရောက်ကြပါရန် တလေးတစား ဖိတ်ကြားပါရစေ။
ဒုက္ခသည်ဘဝကနေ သူများနိုင်ငံရောက်နေကြသူတွေက ကိုယ့်တိုင်းပြည်မှာဒုက္ခရောက်နေသူတွေအတွက် ဒါနကောင်းမှု ပြုစေချင်ပါတယ်။
နေရာတိုင်းမှာ ရေပတ်လည်ပါ့ သောက်စရာ ရေတစက် ခက်နေကြရသတဲ့
ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၆
Phone = 317 701-4340; 317 222-1766

Comments
Post a Comment