Christel House Academy (CHA) ကျောင်းမှာ မနှစ်က

၂ဝ၁၅ စာသင်နှစ် (သြဂုတ်လကနေ မေလကုန်အထိ) ကစပြီး၊ ခရစ်စတယ်လ်ဟောက်စ် အကယ်ဒမီကျောင်းမှာ မြန်မာဘာသာပြန်ဆရာလုပ်နေပါတယ်။ ကျောင်းသူတယောက်က မွေးနေ့ဆုတောင်းစကားနဲ့အတူ ပို့ပေးတဲ့ဓါတ်ပုံကို အခုပဲရတယ်။ ပုံထဲမှာ ကျောင်းသူညီအမသုံးယောက်နဲ့ အစားထိုးဆရာ သောမတ်စ်နဲ့အတူဖြစ်ပါတယ်။

အခုနှစ် သြဂုတ်လ (၄) ရက်ကစပြီး စာသင်နှစ်အသစ်စတယ်။ ကျွန်တော့်အတန်းထဲက ကျောင်းသူကျောင်းသားတွေ တခြားအခန်းကိုရွှေ့ကုန်ကြပြီး ကျောင်းသားသစ်တွေရောက်လာတယ်။ အလုပ်လုပ်ရင်း ညနေကျောင်းလာတက်ကြတာမို့ နှစ်စမှာ ကျောင်းသားများတယ်။ နောက်တော့ နည်းနည်းသွားတယ်။ မြန်မာပြည်က ကျောင်းသားက စပိန်စကားပြော (မက်ဆီကို၊ ဟွန်ဒူးဒရပ်၊ ကော်စတာရီကား) ကျောင်းသားထက်များတယ်။ စာတတ်ချင်ကြလို့ ကြိုးစားကြတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၆
Photo by Grace

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး