Shirt Button အက်ႌၾကယ္သီး

လွန်ခဲ့တဲ့ ၂ နှစ်က နယ်ခံ ၂ ယောက်နဲ့ ချတ်ရတယ်။

၁။ မွေးနေ့မှာ ဘာအစီအစဉ်ရှိလဲဆရာ။
• ထူပြီးမရှိပါဗျာ။
• သူငယ်ချင်းတွေ ဆရာ့စာတွေ ဖတ်နေရင် အဲဒီ ဒေါက်တာတင့်ဆွေက ငါတို့ပုလဲနယ်ကလို့ အမြဲတမ်း ဝင်ပြောမိတယ်။
• ဟုတ်။
• ဆရာ့ကို ပုလဲနယ်က အမြဲတမ် ဂုဏ်ယူနေတာပါ။
• ဂုဏ်ယူတဲ့သူတွေရှိရင် ဂုဏ်မကျအောင် ပိုထိန်းရတတ်တယ်ဗျ။
• ဆရာကတော့လုပ်ပြီ။ ဆရာ့မှာ ကျစရာမရှိပါဘူးဗျ။
• အဟုတ်ဗျ။ ချီးကျူးစကားကြားရရင် ပြုတ်နေတဲ့အပေါ်ကြယ်သီး ပြန်တပ်ရတတ်တယ်။

၂။ ငါတို့တောမြို့လေးဖြစ်တဲ့ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ မှာ ၁၉၈၈/၈၉/၉ဝ ဒီမိုကရေစီ သူရဲကောင်းတယောက် ထွန်းတောက်ခဲ့တယ်။ သူက ငါတို့မြို့လေးမှာ ရှားရှားပါးပါး ဆေးကုသရေးထူးချွန်သူပေါ့။ သူရဲ့ဆေးခန်းက အရမ်းအောင်မြင်တာ တခြားမြို့နယ်တွေကလာပြီး ဆေးကုကြရတယ်။ ခွဲစိပ်ကုသရေးမှာအလွန်ထူးချွန်လို့
နာမည်ကြီးတယ်။ အဲသည်ဆရာဝန်လေးဟာ သူရဲ့အောင်မြင်မှုကိုစွန့်လွှတ်ပြီ့း့

ကိုဖြိုးဝေကရေးတော့ အင်္ကျီအပေါ်ကြယ်သီးတပ်ရတယ်။ ကိုနေဦးရေးတော့ ပုဆိုး တင်းတင်းဝတ်ရတော့မယ်ဗျ။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၄
၈-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ