Breakfast ဘရိတ်ဖတ်စ်

ကနေ့မနက် ထုံးစံအတိုင်း ဖေ့စ်ဘွတ်ဖွင့်၊ ကွန်မင့်တွေဖတ်၊ လိုက်ခ် ပြန်လုပ်စရာတွေလုပ်၊ ဖြေလို့ရတာလေးတွေဖြေ၊ စည်းကမ်းမကျမေးကြတဲ့ဆီ မေးနည်းစည်းကမ်းပို့။ အီးမေးလ်ကိုဖွင့် မေးတာတွေကိုဖြေ။ ချတ်ကိုဖွင့် မေးတာတွေကိုဖြေ။ မက်ဆင်ဂျာတော့ မဖွင့်အားသေးပါ။

အဲတာတွေလုပ်နေရင်းမှာ ဖုန်းကလာ။ တနာရီလောက် စကားပြောပါတယ်။ ဘရိတ်ဖတ်စ်က ရှေ့မှာ၊ ကော်ဖီကိုသာ လက်တဖက်အားလို့ သောက်နိုင်တယ်။ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ကိုတော့ ကြည့်သာနေရ မစားရပါ။

လုပ်ဖေါ်ကိုင်ဖက် ကျွန်တော့်အခေါ် ဝန်ကြီးချုပ်နဲ့ ဆရာ။ ဒေါက်တာစိန်ဝင်းဆီကလာပါတယ်။ ကျွန်တော်တို့ပြောကြတာ အလ္လာပသလ္လာပ မဟုတ်။ အမနာပ မပါ။ နေကောင်းကြလားကတော့ စကြတာပေါ့။ စကားပြောရတာက အရေးပါ၊ အားနာစရာ မရှိ။ စိတ်ဝင်စားတဲ့အကြောင်းအရာ အတိ။

အခုစာရေးနေချိန်မှာတော့ ကောက်ညှင်းပန်းကန်ရော ငါးခြောက်ပန်းကန်ပါ ပြောင်ပြီ။ စကားပြောလို့လည်းကောင်း၊ စားလို့လည်းကောင်း။ ရေနွေးကြမ်းသောက်ရင်းနဲ့ နောက်ထပ်လာနေတဲ့ မေးခွန်းတွေဖွင့်ရပါတော့မယ်။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)