English ဗိုလ်လိုပြောကြခြင်း

Tint Swe မောနင်း။
DrZaw Min အားဖတားနွန်း။
Tint Swe ဆေးကျောင်းမှာ ဗိုလ်လိုပြောခဲ့ရတာဆိုလို့ (ရက်တာ) ကို အဲဒီတခွန်းတည်းသာရှိလို့ အမှတ်တရ ပြောကြည့်တာ။

အင်္ဂလန်မှာနေသူနဲ့ ယူအက်စ်အေမှာနေသူ ဆေးမန်းသူငယ်ချင်းတွေ ဟယ်လို-ဟိုင်း လုပ်ကြတာပါ။

ကျွန်တော်တို့က (မဆလ) ခေတ်မှာ လူဖြစ်ရတာ။ ပညာတွင်းက နက်လှတယ်။ အင်္ဂလိပ်စာဆိုရင် အဝီစိတွင်းလောက်။ ဆေးစာအုပ်တွေက ဘာသာပြန်တာမရှိ။ စကားကြတော့ အင်္ဂလိပ်လိုတလုံးနှစ်လုံးပြောမိရင် ဗိုလ်ရူးအပြောခံရတယ်။ စာကြတော့ ဗမာလိုမရှိတာကို အင်္ဂလိပ်လိုမသင်ရ။

အဲဒီခေတ်က ဗမာနဲ့ မြန်မာ ဝိဝါဒကွဲစေတဲ့ပြဿနာသစ် မရှိသေးပါ။ အခုတော့ အင်္ဂလိပ်စာက မပေါက်မြောက် မြန်မာစာကတော့ ချောက်ထဲရောက်။

ရက်တာ = ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ကြီး

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး