No kidding မြန်မာစာကို မဖွယ်မရာရာလုပ်သူများ

မြန်မာစာသတ်ပုံကို ဆရာကြီးလုပ်ချင်လို့ရေးနေတာ မဟုတ်ပါ။ နေမကောင်းလို့ မေးကြတာတွေကိုဖတ်ရင်း မှားတာတွေက များလွန်းလို့ အမှန်ကို ရေးကြစေချင်လို့ပါ။ အရင်ကထက်တော့ မှန်တာများလာလို့ အားရှိတယ်။

ဆရာရှင့် သမီးနာမည်က့ ပါ။ အသက် ၂ဝ ပါ။ အိမ်ထောင်ရှိပါတယ်။ သက်တမ်း ၁ နှစ် ၆ လပါ။ ကလေးမရှိပါ။ ကန်တော့ရှင့် သမီးရင်သားထိပ်နို့သီးခေါင်းလေးတွေက အရမ်းနာနေလို ရှင့်။ ရာသီလည်းမလာဘူးရှင့်။ ၁ လ ကျော်နေပြီရှင့်။ အရင်က သုံးလခံဆေးသုံးတယ်။ အခု ဖျက်ထားတာ တလကျော်ပြီ ဘာဆေးသောက်ရမလဲ ညွှန်ပြပေးပါရှင့်။

ဖျက်တားတာဆိုတာ ဘာလဲ။ ဆေးဖြတ်တာလား၊ ကိုယ်ဝန်ဖျက်တာလား။

ဒီအထိတော့ ပို့စ်မလုပ်တော့ဘူးလို့ဟာ၊ မေးတဲ့သူကပြန်ဖြေလာတော့ ရေးလိုက်ရပါတယ်။

သုံးလခံဆေးဖျက်ထားတာပါ။ ရင်သားထိပ်နို့သီးခေါင်းလေးတွေနာနေတာ ၅ ရက်လောက်ရှိပါပြီရှင့်။

အဲတာကိုက နားမလည်ပါ။ ဖြတ်တာ နဲ့ ဖျက်တာ မတူပါ။ ဆေး-ဆေးလိပ်-အရက် စတာမသောက်တော့တာကို ဖြတ်တယ်လို့ရေးပြီး၊ တခုခုကိုပျက်စီးအောင်လုပ်လိုက်တာကို ဖျက်တယ်လို့ရေးရပါတယ်။

ပြတ်အောင် ဖြတ်သည်။
ဖြတ်ကူးတို့နဲ့ ကူးပါ။
သစ်ကိုင်းကိုဖြတ်ချိုင်လိုက်ပါ။
ခြင်းခတ်နည်းထဲမှာ ဖြတ်ခြင်းပါတယ်။
ဖြတ်စားလျှပ်စားမလုပ်ပါနဲ့။
ဖြတ်ထိုးဉာဏ်ကောင်းတယ်။
ဖြတ်ထုံးအတိုင်း ဆုံးဖြတ်သည်။
ဖြတ်နှုန်း မမြန်စေပါနဲ့။
ဖြတ်မျဉ်း အရှည်ဘယ်လောက်လဲ။
ဖြတ်လမ်းကလည်း သွားနိုင်သည်။
မုန့်ကို ဓါးနဲ့ဖြတ်လှီးပေးပါ။
မျဉ်းကြားက ဖြတ်သန်းပါ။

ပျက်အောင် ဖျက်သည်။
အဆောက်အဦဟောင်းကို ဖျက်ဖြိုနေကြသည်။
ဖျက်ဖြုန်းတာ မကောင်းပါ။
ဖျက်သင်္ဘော ဘယ်နှစ်စီးရှိသလဲ။
အစိုးရဟောင်းကို ဖျက်သိမ်းလိုက်ပြီ။

မေးခွန်းကအဓိပ္ပါယ်မပေါက်ရင် အဖြေလွဲမယ်။ ဆရာဝန်ဆိုတာ အသက်နဲ့မကစားရပါ။ တချို့ စာရေးသူတွေကတော့ မြန်မာစာနဲ့ ကစားကြတယ်။ ဝယ်တဲ့သူရှိတော့ စာအုပ်တွေ ရောင်းကောင်းတာပေါ့။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၆

Good Books စာကောင်းဟူသည် ကြွေစက္ကူနဲ့

ကျွန်တော့်ပို့စ်တခု = No kidding မြန်မာစာကို မဖွယ်မရာရာလုပ်သူများ

ကွန်မင့်တခု = Ko Maung Htay ဟုတ်တယ်ဆရာ Facebook ပေါ်မှမဲ မြန်မာစာဖတ်ရတာ အဆင်ကိုမပြေဘူး

ကျွန်တော်က ဖေ့စ်ဘွတ်မှာလွဲတာထက် ပုံနှိပ်စာအုပ်တွေမှာ မှားနေတာကို ပိုစိတ်နာတယ်။ ဖုန်းကနေရိုက်လို့ခက်တာ နားလည်ပါတယ်။ ပြင်တဲ့သူတွေက ပြင်လာကြတယ်။ ပုံနှိပ်တွေကတော့ ပြင်တာနည်းသေးတယ်။

ကွန်ပြူတာစာစီ၊ လေးရောင်ချယ်ပန်းချီနဲ့၊ ကြွေစက္ကူဖြူဖြူ၊ ခန့်ချုပ်ထူထူတဲ့။
ဘုရားဟောတရားတော်တွေနဲ့ ဇာတ်တော်တွေ၊ ဆရာတော်ကြီးတွေ ရေးသားစီရင်ခဲ့တာတွေ။
လက်ဟောင်း စာရေးဆရာ ပဂေးကြီးတွေ၊ ကဗျာဆရာ အကျော်အမော်တွေ။
နောက်ပေါ် နာမည်ကျော်တဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ဘက်ဆဲလားတွေ၊ ဆယ်လီတွေ။
သတ်ပုံကတော့ ပုံစံသွင်းတွေ။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး