အမှားဖေါက် နောက်ထုတ်စာအုပ်


စာအုပ်တွေတော့ အားကျပါရဲ့၊ သတ်ပုံအလွဲတွေနဲ့စာအုပ်မျိုး လက်ဆောင်ပေးမှာစိုးရိမ်နေတယ်။ သိပ္ပံမောင်ဝစာအုပ်ကို (တစ်) တွေနဲ့ရိုက်ထားသလား သိချင်နေတယ်။

၁၁-၁ဝ-၁၉၃၇ နေ့စွဲနဲ့ သိပ္ပံမောင်ဝက သည်လိုရေးခဲ့ပါတယ်။ မောင်ဝဆိုတဲ့မောင်ဝကတော့ သတ်ပုံကျရင်ဖြင့် ဖြစ်ကတတ်ဆန်းဘဲ။ ရေးချင်သလိုရေးတော့တာဘဲ။ သည်နေရာမှာ ဦးဇော်ဂျီတို့ မင်းသုဝဏ်တို့ကာ သာသဗျ။့ ဒါကြောင့်မို့ အခုတော့ဖြင့် ကဝိမျက်မှန်သတ်ပုံစာအုပ်ကြီးကို အမြဲလက်ကိုင်ထားတယ်။ ဒါတောင် တခါတခါ အမှားတွေ ဖေါက်ဖေါက်လာတယ်။

ကျွန်တော့်မှတ်ချက် = သိပ္ပံမောင်ဝရေးခဲ့တာ (တစ်ခါတစ်ခါ) မဟုတ်ပါ။ နောက်အသစ်ပြန်ထုတ်စာအုပ်တွေက အမှားတွေ ဖေါက်ဖေါက်နေကြတယ်။

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၆
Photo from Min Swe Hnit and Zayya Sopyay

Comments