Spelling prisoners နိုင်-ပုံ

ပုဂံငလျင်သတင်းကိုတင်ကြတာမှာ သတ်ပုံအမှားတွေ ရွေးထုတ်လိုက်သလိုထွက်ထွက်လာတယ်။ စူဠာမဏိကိုရေးကြတာ စူဌာမဏိ၊ စူဋ္ဌာမဏိ၊ စုဋာမဏိ၊ စုံနေတာပဲ။

ဌာ နဲ့ ဋ္ဌာ လည်းမတူပါ။ ဋာစာလုံးမြင်တိုင်း ပဋာစာရီပဲထင်မိတယ်။ ဘုရားဘွဲ့တော်တွေကိုတော့ မှန်မှန်ကန်ကန် ရေးသင့်ကြပါတယ်။

အသံထွက်ကော မှန်အောင်မထွက်ကြလို့ စာလုံးပေါင်းမှားရေးတာဖြစ်မယ်။ (စူလာမနိ) သံထွက်ပါတယ်။ တခြား သတ်ပုံတွေဆိုရင် (စူထာမနိ)၊ (စူတာမနိ) ဖြစ်ကုန်မယ်။

(ဒဏ်) ကိုလည်း (ဒါဏ်) လို့ရေးနေကြတာ မှားတယ်။

စစ်အစိုးရဒဏ်ခံကြရတဲ့ နိုင်ငံရေးအကျဉ်းသား (နိုင်-ကျဉ်း) စာရင်းပြုစုသလို ထောင်ချခံရတဲ့ မြန်မာစာသတ်ပုံတွေပါ ပြုစုရင်ကောင်းမယ်။ (နိုင်-ပုံ) လို့ခေါ်မယ်။

ပြည်ပထွက်ပြေးရတဲ့ သတ်ပုံတွေကိုလည်း မမေ့ကြပါနဲ့။ Smile!

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)