UN headquarters နယူးယော့ဖြစ်သွားသော နေပြည်တော်

ယူနက်စကို ရောက်နေပြီတဲ့။ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားရတဲ့ ပုဂံကရှေးဟောင်းအမွေအနှစ်တွေကို စနစ်တကျ ထိန်းသိမ်းနိုင်အောင် ကူညီဘို့တဲ့။

ယူအင် အတွင်းရေးမှူးချုပ်လည်းလာမယ်တဲ့။ လက်နက်ကိုင်ဒဏ်အမျိုးမျိုးကြောင့်ပျက်စီးသွားတဲ့ ငြိမ်းချမ်းရေးအတွက် အားပေးမလို့တဲ့။

ယူအင် အတွင်းရေးမှူးချုပ်ဟောင်းလည်းလာမယ်တဲ့။ နိုင်ငံရေးဒဏ်နဲ့ ဘာသာရေးဒဏ်တွေကြောင့် ယိုယွင်းနေရတဲ့ ရခိုင်ဒေသအတွက် အကြံပြုဘို့တဲ့။

နယူးယော့မှာရှိတဲ့ ယူအင်ဌာနချုပ်ဟာ မီးခြစ်ပုံးနဲ့ သဏ္ဌာန်တူတယ်လို့ ငယ်ငယ်က ကျောင်းဖတ်စာထဲမှာ သင်ခဲ့ရတယ်။ အဲဒီအဆောက်အဦကြီးသာ ငလျင်ဒဏ်ထိရင်တော့ မြန်မာပြည်က စစ်ထောက်လှမ်းရေးချုပ်ဟောင်းကို လွှတ်လိုက်စေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး