Legacy ရှစ်လေးလုံးနဲ့ ထုံးသင်္ကန်း

• ရှစ်လေးလုံးလူထုအုံကြွမှုကြီးကနေ လူစွမ်းကောင်းတွေပေါ်ထွက်စေခဲ့တယ်။ နာမည်ကြီးသူတွေ ပေါ်ပေါက်ခဲ့တယ်။ ကနေ့ နာမည်ဆက်ကျန်ရစ်သူအရေအတွက် မများလှပါ။ ကောင်းသတင်းနဲ့ကျော်ကြားသူတွေ လက်တဖက် မပြည့်ပါ။ လက်မထောင်ပြီး နာမည်ကြော်ငြာနေသူတွေကတော့ အရေအတွက် လျှော့မသွားပါ။
• ရှစ်လေးလုံးကနေဆက်ပြီး NLD အပါအဝင် နိုင်ငံရေးပါတီပေါင်း (၂၃၅) ပါတီပေါ်ခဲ့တယ်။ ကနေ့ အဲဒီပါတီတွေထဲက နာမည်ရင်းနဲ့ပါတီဆိုလို့ အရေအတွက် လက်တဖက်မပြည့်တော့ပါ။
• ရှစ်လေးလုံးကဆက်ပြီး ပြည်ပလှုပ်ရှားမှုကြီးပေါ်ထွန်းလာခဲ့တယ်။ ပြည်ပမှာ အဖွဲ့အစည်းပေါင်း ရာကျော်တယ်။ ကနေ့တော့ ပြည်ပကနေ နိုင်ငံရေးလုပ်နေကြတဲ့အဖွဲ့ ရေတွက်လို့မရပါ။ ရှိနေလည်း မသိ။
• ရှစ်လေးလုံးကနေ အတူတူလို့ပြောရမဲ့ သမတ (၃) ယောက်ကိုဖယ်ရှားပေးနိုင်ခဲ့တယ်။ အခုတော့ သမတ (၂) ယောက်ရှိနေပြီ။ မတူကြပါ။
• ရှစ်လေးလုံးက ပြတိုက်အဆင့်ရောက်လာပြီ။ ပုဂံက စေတီ၊ ပုထိုး၊ ဘုရားတွေကို အုတ်ချပ်သစ်နဲ့ ရွှေသင်္ကန်းကပ်သလို တချိန်မှာ ပြတိုက်ကို ထုံးသင်္ကန်းကပ်တာ မခံရပါစေနဲ့။ (ယူနက်စကို) က အသိအမှတ်မပြုလည်း ရှစ်လေးလုံးဆိုတာ ပျောက်သွားရမှာ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး