Morning ဂွတ်မောနင်းပို့စ်

မနေ့ကနဲ့ ဒီနေ့လည်း မေးခွန်းတွေမှာ မပြည့်စုံတာတွေ၊ အဆီအငေါ်သိပ်မတည့်တာတွေများတယ်။ အချိန်ပိုတွေ ကုန်ရတယ်။ နမူနာလေးနှစ်ခုသာထည့်ပါမယ်။ အများကြီး။ ကနေ့မနက် (ကျွန်တော့်အချိန်) မှာ ကွန်မင့်ကနေ မေးကြတာ ပိုတာင်များလာတယ်။ အချိန်ပိုတွေ ကုန်အုံးမယ်။ သတ်ပုံတော့ ပိုမှန်လာကြတာသတိထားမိတယ်။ ကောင်းတယ်။

၁။ ဟုတ်ကဲ့ဆရာ အမေက အဲ့လိုဖြင့်နေတာတော့ ၅ လလောက်ရှိပြီ။ အသက် ၅၅ နှစ်ပါရှင့်။ တကိုယ်လုံးကို ကိုက်ခဲတာတဲ့၊ ပိန်လဲအရမ်းကိုပိန်လာတယ်ဆရာ။ ဘယ်ဆေးခန်းပြပြ အင်္ဂလိပ်ဆေးဘဲပေးတယ်။ အင်္ဂလိပ်ဆေးနဲ့လုံးဝကိုမသက်သာဘူး။ ကျေးဇူးပြု၍ဖြေပေးပါဆရာ ကျေးဇူးတင်ပါတယ်ရှင်။

ဆောရီး။ ဆရာလည်း အင်္ဂလိပ်ဆေးလို့အလွယ်ခေါ်တဲ့ ဆေးပညာကိုသာသိပါတယ်။ ဆောရီး။

၂။ ဆရာရှင့် မင်္ဂလာပါ။ ကျွန်မ medical abortion ဖြစ်ထားပြီး ၁ ကြိမ် အတော်များများ ဆင်းထားပြီး ဒုကြိမ် ထပ်ဆင်းနေသည်မှာ ၁ဝ ရက်ကျော်နေသောကြောင့် OG နဲ့သွားပြပါတယ်ဆရာ။ အာထရာဆောင်းရိုက်ခိုင်းတာလည်း complete abortion ရေးထားပါတယ်။ အဒါနဲ့ ဆရာမက K stat 500mg နဲ့ Augmentin 375mg နဲ့ အဖျားရှိရှိနေလို့ biogisic ပါ ၁ နေ့ ၃ ကြိမ် ၇ ရက်နဲ့ သွေးရက် ဆေး ၁ လုံးထိုးပေးပြီး ၇ ရက်နေထပ်ချိန်းထားပါတယ်။ သားအိမ်ယောင်တာ ဖြစ်နိုင်တယ်ပြောပါတယ်။ ဆေးသောက်ပြီး ၅ ခွက်ရှိသော်လည်း သွေးဆင်းတာ မရပ် မနည်းသွားပါ။ ကျွန်မ ခံစားနေရတာတွေက ဗိုက်ကမအောင့်ဘဲ ဗိုက်ထဲက အသံတွေ မြည်မြည်နေတတ်ပါတယ်။ အဖျားငွေ့ငွေ့လည်း ရှိရှိနေပါတယ်။ ခါးတွေ ခြေထောက်တွေလည်း ညောင်းနေပါတယ်ဆရာ။ အနာနဲ့ ဆေး မဟုတ်တာလည်း ထင်နေမိပါတယ်။ ဆေးပဲ တပတ်လည်အောင် ဆက်သောက်ရမလား. ဆေးခန်းပဲထပ်ပြရင် ကောင်းမလား ဇဝေဇဝါ ဖြစ်နေရပါတယ်ဆရာ။ သွေးက ဆင်းနေသေးလို့ စိုးရိမ်နေမိပါတယ်ဆရာ။ ကျွန်မရဲ့ စာကိုတွေ့ခဲ့ရင် အကြံဥာဏ်လေး တချက်လောက် ညွှန်ပြပေးပါဆရာ။

အသက် မသိ။ အိမ်ထောင်ရေး မသိ။ ကိုယ်ဝန်ဖျက်ဆေးအမည် သောက်နည်း မသိ။ ဆရာဝန်ပြတာကောင်း။ မေးနည်းစည်းကမ်းအရ မမေးလိုသူများ ဘလော့မှာလိုကဖတ်နိုင်ကြ။ ကျန်းမာပါစေ။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး