International Youth Day နိုင်ငံတကာလူငယ်များနေ့

သြဂုတ်လ (၁၂) ရက်နေ့မှာကျရောက်ပါတယ်။ ကုလသမဂ္ဂကနေ ၂ဝဝဝ ခုနှစ်ကတည်းကသတ်မှတ်ထားတာပါ။ အစိုးရတွေနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကနေ လူငယ်တွေအရေးကိစ္စတွေကို အာရုံစိုက်လာစေဘို့ ဖြစ်ပါတယ်။ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ စသဖြင့်လုပ်ကြပါတယ်။ ၂ဝ၁၄ မှာ လူငယ်နဲ့ စိတ်ကျန်းမာရေး ဆောင်ပုဒ်ဖြစ်ပါတယ်။ ၂ဝ၁၆ နှစ်မှာတော့ ၂ဝ၃ဝ မှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ တာရှည်ခံသုံးစွဲမှုနဲ့ ထုတ်လုပ်မှု ရရှိရေးဆီကို ချီတက်မဲ့ ခရီးလမ်းလို့ သတ်မှတ်ထားပါတယ်။

မြန်မာ့လူငယ်တွေလည်း လူငယ့်အရေးအရာတွေကို ကျယ်ပြန့်တဲ့အမြင်တွေစုစည်းပြီး အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေကို သိစေအောင်ချဉ်းကပ်မှုတွေလုပ်သင့်ကြပါတယ်။

လူငယ်တွေအတွက် ပညာရေးကတော့ အဓိကကျပါတယ်။ အဲတာက ကျောင်းသားသမဂ္ဂလှုပ်ရှားမှုနဲ့တော့ တူမှာမဟုတ်ပါ။ ဆက်စပ်မှုတော့ ရှိရပါမယ်။

လူငယ်တွေအတွက် အကျင့်စာရိတ္တနဲ့ ကျင့်ဝတ်နီတိပိုင်း ကောင်းမွန်တိုးတက်လာအောင် အာရုံစိုက်စေချင်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးဂုဏ်အတွက်ပါ။ ခေတ်နဲ့လျှော်ညီတာမျိုးကို ရွေးချယ်သင့်ရပါမယ်။

ခေတ်ဟောင်းကို ပြုပြင်မွမ်းမံနေရင်းနဲ့ ခေတ်သစ်ကိုတည်ဆောက်နေချိန်ဖြစ်လို့ အခွင့်ကောင်းက လက်ထဲမှာပါ။ လွန်ခဲ့တဲ့ နှစ်နည်းနည်းကဆိုရင် ဒီအခွင့်က အိပ်မက်သာသာပဲ ရှိခဲ့တာပါ။

အငြင်းပွါးဖွယ် ဘာသာရေးနဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီ တွေကိုတော့ ကဏ္ဍခွဲထားသင့်ပါတယ်။ နည်းပညာ ဆန်းသစ်မှုကို အခွင့်ကောင်းယူနိုင်ပါတယ်။ လမ်းလွဲကိုဆွဲခေါ်တာ မခံကြပါနဲ့။ အရိုးကို အရွက်မဖုံးပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး