Premaston ကိုယ်ဝန်မပျက်၊ ကလေးစောမမွေးစေတဲ့ဆေး

Premaston ပရိုဂျက်စတီရုန်းဆေး

၁။ ဆရာရှင့် အသက်က ၃ဝ၊ အမျိုးသမီးပါ။ ရှေ့မှာလဲ တခါမေးပြီးပါပြီ။ အခုထပ်မေးချင်တာက သမီးက ကလေးရဖို့ ကြိုးစားနေတာပါ။ အခု ဒီလ ၈ လပိုင်းအတွက် ရာသီမလာသေးပါ။ ဆီးစစ်ကြည့်တော့လဲ negative ပါ ၇ လပိုင်း တုန်းကတော့ Premaston ဟော်မုန်းဆေးသောက်ထားပါတယ်။ အဲ့ဒါသောက်ထားလို့မလာတာလား သိချင်လို့ပါ
ဆရာ့ထံမှ အကြံပေးချက်လေးလိုချင်လို့ပါ။ ဆရာဝန်ပြန်ပြသင့်လားဆိုတာလေး ဖြေကြားပေးပါဆရာ။

အရင်ကမေးလို့ဖြေထားပါတယ်။

၂။ ဆရာ Premaston ရဲ့ Side Effect လေးတွေ သိချင်လို့ပါ။ သမီးကို တနေ့ 3 လုံး 3 Weeks သောက်ခိုင်းလို့ပါ။ လောလောဆယ်တော့ ဆံပင်တွေ အရမ်းကျွတ်နေလို့ပါ။ မြင်မကောင်းအောင်ကျွတ်တာပါဆရာ။

အသက် မသိပါ။ ရာသီ မသိပါ။ အိမ်ထောင်ရေး-ကိုယ်ဝန်-ကလေး မသိပါ။

၃။ မင်္ဂလာပါဆရာ။ ကိုယ်ဝန်က ၉ လထဲရောက်ပါပြီ။ OG က ကလေးစောမမွေးအောင် ကိုယ်ဝန်ရင့်မှသောက်တဲ့ ခိုင်ဆေး ၁၅ ရက် သောက်ခိုင်းပါတယ်။ ကလေးတခုခုဖြစ်မှာစိုးရိမ်လို့ ဆေးသောက်သင့် မသောက်သင့် ညွှန်ကြားပါဦးရှင့်။

အသက် မသိပါ။ ဆေးအမည် မသိပါ။

အသက်က ၂၈ ပါရှင့်။ ဆေးအမည်က Premaston ပါရှင့်။ ကိုယ်ဝန်က ၃၅ ပတ်ပါဆရာ။

Premaston ဆေးထဲမှာ Allylestrenol 5 mg ပါတယ်။ Progestogen ပရိုဂျက်စတိုဂျင်ဟော်မုန်းဆေးဖြစ်တယ်။ ကိုယ်ဝန်မပျက်အောင်၊ ကလေးစောမမွေးအောင်ပေးတယ်။ ယောက်ျား ဆီးကျိတ်ကြီးတာအတွက်လည်းပေးတယ်။ ကိုယ်ဝန်ပျက်မှာကို ကာကွယ်ဆေးဘို့ 5 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ ကလေးစောမွေးမှာအတွက်လည်း ပေးတယ်။ 5 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ အများဆုံး 40 mg ပေးတယ်။ ယောက်ျားဆီးကျိတ်ကြီးတာကိုလည်း ပေးတယ်။ မကြာခဏ ကိုယ်ဝန်ပျက်သူကို ကိုယ်ဝန်သေချာကတည်းက 5-10 mg / day တလအနည်းဆုံးပေးတယ်။

Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုးနဲ့ Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်းမှာသုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး