Fish paste ငပိ သတ်ပုံ
Kyaw Ye Yint သမ္မတ က အမှားပေါ့
Tint Swe ကျွန်တော်က ဆုံးဖြတ်နိုင်သူမဟုတ်ပါ။
Kyaw Ye Yint ဒါပေမဲ့ ကျွန်တော်တို့ထက်တော့ အမှားအမှန် ခွဲခြားနိုင်မယ်လို့ထင်ပါတယ်ဆရာ။
Tint Swe ဒီလိုဗျ။ လူအတော်များများက အမိန့်ပေးမှနာခံကြတယ်။ အကြောင်းရယ် အကျိုးရယ်ပြောနေရင် လက်မခံတတ်တော့ဘူး။
Ven Javana အမှားမှန်ကို ပညာရှိတို့ ဆုံးဖြတ်ရာသတည်း။
နောက်ဆုံးကွန်မင့်က ဆရာတော်တပါးလို့ထင်ပါတယ်။ တင်ပါ့ဘုရာ့း့ ပညာရှိဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေလဲ အပြောရခက်တဲ့ခေတ် ရောက်နေပါတယ်။ မြန်မာ့စွယ်စုံကျမ်းကိုပြုစုခဲ့သူတွေက ပညာရှင်တွေအမှန်ဖြစ်ပါတယ်။
ကနေ့ ထုတ်ဝေထားတဲ့ မြန်မာအဘိဓာန်၊ စာလုံးပေါင်းသတ်ပုံကျမ်းတွေကိုပြုစုခဲ့သူတွေဟာလည်း ပညာရှင်တွေ ဖြစ်တယ်လို့ပဲ သတ်မှတ်ကြမှာပါ။ သူ့ခေတ်နဲ့သူလို့တော့ ထပ်ဖြည့်ရပါမယ်။ အဲဒီ မတူတဲ့ခေတ်နှစ်ခုမှာ မတူတဲ့သတ်ပုံတွေ ဘာကြောင့် ဖြစ်လာရပါသလဲ။
၁၉၈၁ ခုနှစ် မြန်မာစာအဖွဲ့အစည်းအဝေးမှာ ဦးနေဝင်းကနေ တတွေ တစ်တွေကို တပြေးညီလုပ်သင့်တယ်လို့ လမ်းညွှန်ပါတယ်။ လိုက်ပြင်ကြသူတွေကတော့ အဲဒီခေတ်က တော်ကောက်ခံထားရတဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။ တော်စာရင်းမဝင်တဲ့ ပညာရှင်တွေက သဘောမတူကြပါ။
ပိုဆိုးသွားတာက (နအဖ) စစ်အစိုးရလက်ထက်ကစပြီး အစိုးရထုတ်သတ်ပုံကျမ်းနဲ့မကိုက်ညီရင် ထုတ်ဝေခွင့်မပေးတာ ဖြစ်ပါတယ်။ သတ်ပုံမှားရင် ဒဏ်ငွေပါဆောင်ရသတဲ့။
အဲတော့
၁။ ပညာရှင်-ပညာရှိဆိုတာ အမျိုးမျိုးရှိတယ်။ တော်ဝင်ပညာရှင်တွေက အသာစီးရတယ်။
၂။ လူတွေကလည်း အစိုးရကအမိန့်နဲ့ခိုင်းတာကိုသာ အမှန်ယူတဲ့အကျင့်က အခုထိစွဲနေကြတယ်။
သမိုင်းအထောက်အထားတွေကို ဓါတ်ပုံတွေနဲ့ တင်ပြနေတာ အမယ်ပေါင်းတရာ (တစ်ရာ မဟုတ်) ကျော်ပါပြီ။ အာဏာမရှိသူဖြစ်လို့ ဖုတ်လေတဲ့ငပိသာဖြစ်နေတယ်။ ငပိကိုလည်း ခုခေတ်သတ်ပုံက ငါးပိဖြစ်နေပါတယ်။ ကျွန်တော် ကနေ့ညစာ တမာရွက်နဲ့ ငပိချက်စားပါတယ်။
ဒေါက်တာတင့်ဆွေ
၃-၈-၂ဝ၁၆

Comments
Post a Comment