Jeep ဂျစ်ကား
ပက်ထရို တဂါလံ (တစ်ဂါလံ မဟုတ်) ကို ၂၅ မိုင်ကျသွားသည်။ အစုံအလင် အဘိုးငွေ ၃၆၅ဝိ။
၂-၁၁-၁၉၁၆ နေ့ထုတ် သူရိယသတင်းစာထဲက ဘေဘီ အိုဗာလင်း မော်တော်ကား ကြော်ငြာကို (ဂျွန် ဝိလီးစ်) ကနေ ၁၉၁၂ ခုနှစ်မှာ တည်ထောင်တဲ့ Willys-Overland Motor Company ကထုတ်ပါတယ်။ ၁၉၁၈ အထိ ဖို့ဒ်ပြီးရင် ဒုတိယအကြီးဆုံး မော်တော်ကားကုမ္ပဏီ ဖြစ်ပါတယ်။
၁၉၄၁ ကစပြီး Willys MB (ဝီလီးစ် အင်ဘီ) ခေါ် Jeep ဂျစ်ကား စထုတ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်သုံး ဂျစ်ကားစီးရေ ၆၅၃၅၆၈ ထုတ်လုပ်ခဲ့တယ်။ ဂျစ်ကားထုတ်ကာစမှာ Jeep အခေါ်ကိုစကားများကြသေးတယ်။ တချို့က General Purpose (GP) လို့ခေါ်တယ်။ ကျွန်တော့်စာ Specialist အထူးကုထဲမှာ (ဂျီပီ) အသုံးကိုးကားခဲ့ပါသေးတယ်။ ကျွန်တော်ဆရာဝန်ဖြစ်ပြီး ၃-၄ နှစ်ကြာတော့ ဂျစ်ကားလေးတစီးကြိုးစားဝယ်ခဲ့တာ၊ နံပါတ်က ဂ/၂ဝ၆၅ ဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၆

Comments
Post a Comment