A bowl of polished rice ဆန်ဖြူတခွက်

မနက်က ဆရာဝန်ဂျာနယ်လစ်တွေရဲ့ အင်နယ်လ်ဒီအစိုးရအပေါ် ရိသဲ့သဲ့ ခနဲ့တဲ့တဲ့လုပ်ကြတဲ့အကြောင်းလေးရေးတော့ ကွန်မင့်တခုက ပြောပြလိုက်ပါဆရာလို့ ရေးပါတယ်။ အဲတာနဲ့ ဟောရင်းသာ ပျံတော်မူရမည်၊ ဆန်ဖြူဖြူတခွက်မှ ထွက်ပုံမရလို့ ပြန်ရေးလိုက်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ ဟိုဖက်သည်ဖက်ရှိစမြဲပါ။ ကျွန်တော်ဆိုတဲ့ ဂျာနယ်လစ်မဟုတ်တဲ့ဆရာဝန်ကလည်း ၁၉၉ဝ ကတည်းက အုပ်ချုပ်နေသူတွေကို အကောင်းမပြောခဲ့ပါ။ ဒီတခါက သူတို့အလှည့်။ ကျွန်တော်က နှစ်အစိတ်နဲ့ ဆန်ဖြူတခွက်ရလို့ တစခန်းရပ်နိုင်ခဲ့တယ်။ သူတို့ခေတ် ဘယ်လောက်ကြာမလဲ။ ကြာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

Comments