Disability Law ဝဋ်လိုက်တတ်တယ်

ကနေ့ တင်ကြ-ရှယ်ကြတာမှာ လက်ရှိသမတနဲ့ အရပ်အမောင်းချင်းယှဉ်ပြတဲ့ပုံတွေ တွေ့ရတယ်။ မသင့်လျှော်လို့ မြင်ပါတယ်။ လူတွေမှာ မွေးရာပါ အရပ်၊ အသားအရေကို အပြစ်သဘော မပြောသင့်ကြပါ။ မွေးပြီးနောက်မှ ရောဂါနဲ့ မတော်တဆဖြစ်မှုနဲ့ ကျိုးပဲ့တာကိုလည်း အဲလိုမပြောဆိုသင့်ကြပါ။ နားမကြားသူ၊ မျက်စေ့မမြင်သူတွေလည်း ပါတယ်။ အဲလို ချို့ယွင်းချက်ရှိနေသူတွေကို ယဉ်ကျေးမှုအရ ကဲ့ရဲ့တာမျိုးမလုပ်အပ်ပါ။ ဝဋ်လိုက်တတ်တယ်လို့ လူကြီးတွေက ဆုံးမကြတယ်။

စကားထစ်သူ၊ မပီသသူတွေကိုလည်း အဲလိုပဲ သဘောထားသင့်ပါတယ်။ ဒါပေမယ့် စကားပီသူတွေက ပီအောင်မပြောသူ၊ သီချင်းပီအောင်မဆိုသူနဲ့ စာတတ်သူတွေက စာကိုမှန်အောင်မရေးတာကတော့ ပြောချင်တယ်။ ယဉ်ကျေးမှုနဲ့ ဘာသာစကား ပျောက်မှာ၊ ပျက်မှာစိုးလို့ပါ။

ကိုယ့်ယဉ်ကျေးမှုကို ချစ်တတ်ကြပါစေ။ မြန်မာစကား ပီသအောင်ပြောနိုင်ကြပါစေ။ စာကိုမှန်အောင်ရေးတတ်ကြပါစေ။ ဝဋ်လိုက်လည်း မတတ်နိုင်ပါ။

မှတ်ချက်။ သမတပုံကိုလာမတင်စေလိုပါ။

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)