Friendship Day သူငယ်ချင်းနေ့

ဆေးကျောင်းသူငယ်ချင်းတယောက်က လှမ်းပြောလို့။ နိုင်ငံတကာမှာ Friendship Day သူငယ်ချင်းနေ့ဆိုတာရှိတယ်။ နှစ်စဉ် သြဂုတ်လ ပဌမတနင်္ဂနွေနေ့လို့ သတ်မှတ်ထားပါတယ်။ ဒီနှစ် ၇-၈-၂ဝ၁၆ နေ့ကကျရောက်တယ်။ Best Friends Day အကောင်းဆုံးသူငယ်ချင်းနေ့ဆိုတာလည်းရှိတယ်။ ဒီနှစ် ဇွန်လ (၈) ရက်နေ့ ကျရောက်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး လက်ဆောင်ပေးတဲ့ကပ်ပြားကုမ္ပဏီ Hallmark ကနေ ဒီနေ့ကို အများကလက်ခံကျင်းပလာအောင် ကြိုးပမ်းမှုလည်းပါတယ်။

International Friendship Day နိုင်ငံတကာမိတ်ဆွေဖြစ်နေ့ကို ၁၉၅၈ ကတည်းကသတ်မှတ်ထားပါတယ်။ ၂ဝ၁၁ ထဲမှာ ကုလသမဂ္ဂကနေ ဇူလိုင်လ (၃ဝ) ရက်လို့သတ်မှတ်ပေးခဲ့တယ်။ ဒါပေမယ့် နိုင်ငံအလိုက်ကျင်းပကြတာမတူပါ။

ကျွန်တော်တို့ မန္တလေးဆေးကျောင်းသားတွေကတော့ ဖေ့စ်ဘွတ်မှာ သူငယ်ချင်းနေ့ကျင်းပနေကြတာ နေ့တိုင်းပါပဲ။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး