You make me smile ပြုံးမိတာလေးတွေ

(၂) နှစ်တိတိက ကွန်မင့်တခု How to cure PE sir အင်္ဂလိပ်လို တိုတိုရေးမေးတယ်။ အတိုက်ကောက်ကပါသေးတယ်။

အဲတာက ဘာကိုမေးလဲမသိလို့ ဂူဂယ်လ်မှာ လိုက်ရှာတော့ PE အတိုက်ကောက်မှာ (၁၆၆) ခုတွေ့ပါတယ်။ ဆေးပညာနဲ့ ဆိုင်တာ (၁ဝ) ခုပါတယ်။ ရမ်းဖြေရင် ဒုက္ခရောက်သွားနိုင်တယ်။

1. PE Practice Expense (Medicare/Medicaid payments) ကျန်းမာရေးကုန်ကျစရတ်၊
2. PE Premature Ejaculation (male condition) သုက်လွှတ်စောခြင်း၊
3. PE Physical Examination ရုပ်ပိုင်းစစ်ဆေးခြင်း၊
4. PE Pulmonary Edema အဆုပ်ရောင်ခြင်း၊
5. PE Penis Erection ကျားအင်္ဂါသန်မာခြင်း၊
6. PE Physical Exertion ရုပ်ပိုင်းသက်ရောက်မှု၊
7. PE Pericardial Effusion နှလုံးအဖုံးလွှာရောင်ခြင်း၊
8. PE Pelvic Exam တင်ပါးဆုံနေရာ စစ်ဆေးခြင်း၊
9. PE Prostate Enlargement ယောက်ျားဆီးကျိတ်ကြီးခြင်း၊
10. PE Plasma Exchange သွေးရည်ကြည့်လဲလှယ်ခြင်း

မေးတဲ့သူက နံပတ် (၂) မှန်းတော့ သိပါတယ်။ ဆရာဝန်ဆိုတာ ရမ်းမှန်းမဖြေရပါ။ မေးနည်းစည်းကမ်း ၄-၅ ကြောင်း လုပ်တာကို ကြီးကျယ်တယ်အထင်ခံရတယ်။ ဘယ်တတ်နိုင်မလည်း ကိုယ်က ဆရာဝန်သွားလုပ်မိတာကိုး။ ကာကွယ်ဆေး ထိုးတာတော့ ခံရမှာပေါ့။ ပြုံးမိတာလေးတွေပါ။ မေးတဲ့သူတွေကို အပြစ်ဆိုချင်လို့မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၄
၁၆-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး