Mosquito fogging ခြင်ဆေးမှုတ်ခြင်း

ဆရာခင်ဗျာ ကျနော်တို့အဖွဲ့က မုံရွာမြို့ဥပုသ်နေ့တိုင်းဆန်ပြုတ်နှင့်ရေသန့်ကုသိုလ်အဖွဲ့ပါ။ ဆေးရုံမှာ ကုသိုလ်အဖြစ် ဝေတိုင်း သွေးလွန်တုပ်ကွေးရာသီအချိန်တိုင်း ကလေးငယ်များ အလွန်ပေါများပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဒီအတွက်ကြောင့် ကျနော်တို့အဖွဲ့ ခြင်ဆေးဖျန်းခြင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ ယခုနှစ်ဆိုရင်၂ နှစ်ရှိပါပြီ။ ယခုနှစ် သွေးလွန်တုပ်ကွေးရာသီအဝင်စောခဲ့ပေမဲ့ ကျနော်တို့အဖွဲ့လုပ်ဆောင်မူလည်း စောစီးစွာလုပ်ဆောင်နိုင်မှုကြောင့် မုံရွာမှာ သွေလွန်တုပ်ကွေးဖြစ်သည့်ဦးရေ ကျဆင်းခဲ့ပါတယ်ဆရာ။ အခုဆရာကို အကူအညီတောင်းချင်တာက ပူးတွပြစာပါဆရာ။ ဒီအကြောင်းလေးကို ဆရာအနေဖြင့် အများပြည်သူများ ကျနော်တို့လုပ်နေတဲု့ပ်ရပ်က ဘေးထွက်ဆီုးကျိုး ရှိမရှိ သိစေခြင်လို့ပါဆရာ။ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ဒီစာအတွက်ကျနော်တို့အဖွဲ့မှ ညီငယ်များ စိတ်ဓာက်ကျသွားပါတယ်ဆရာ။

ပူတွဲပါ သတိပေးစာလည်းမှန်ပါတယ်။ ခြင်နှိမ်နင်းရေးကို နည်းမျိုးစုံနဲ့လုပ်ကြရပါတယ်။ မနှစ်နွေတုံးက ဗီတာမင် ဘီ-၁ ကိုအကြောင်းပြုပြီး စာတပုဒ်ရေးခဲ့တယ်။ ခြင်ထိန်းချုပ်နည်း အစုံလည်းပါတယ်။ အခုမေးတာက ဆေးမှုတ်နည်းဖြစ်တယ်။ Mosquitoes Fumigation လို့ခေါ်တယ်။ mosquito fogging လို့လည်းခေါ်တယ်။

၂-၅-၂ဝ၁၄ နေ့က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလာတဲ့ သတင်းတပုဒ်ရှိပါတယ်။ Vector Borne Disease Control Program (VBDCP) ကူးစက်ရောဂါတွေရစေတဲ့ ကြားခံအကောင်များနှိမ်နင်းရေးအဖွဲ့ကနေလုပ်ဆောင်နေတဲ့ ခြင်ဆေးမှုတ်နည်းဟာ သင့်ကိုအန္တရာယ်မပေးပါတဲ့။ ဆော်လမွန်ကျွန်းမှာ စိုးရိမ်တဲ့သတင်းကြောင့် ထုတ်ပြန်ရတာ ဖြစ်ပါတယ်။

ခြင်ဆေးမှုတ်နည်းဟာ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ခြင်တွေကို သေအောင်နဲ့ နောက်ကောက်ကျအောင်လုပ်ပေးပါတယ်။ အဲဒီမှာအသုံးပြုတဲ့ ခြင်ဆေး Pyrethroid ဟာ ရေနဲ့ရောသုံးရတယ်။ Domestic insect spray အိမ်သုံးခြင်ဖျန်းဆေးနဲ့ အလားတူပါတယ်။ အနံ့အသက်လည်းမရှိပါ။ မီတာ ၉ဝ အထိရောက်တယ်။ ဆေးဖျန်းတော့မယ်ဆိုရင် အိမ်တံခါးတွေ အားလုံး ဖွင့်ထားရမယ်။ မနက် ၅ နာရီခွဲကနေ ၇ နာရီခွဲအတွင်း၊ ဒါမှမဟုတ် ညနေ ၄ နာရီခွဲကနေ ၆ နာရီခွဲအတွင်း ဆေးမှုတ်ပါတယ်။

ခြင်အများစုက ရေသေမှာမျိုးပွါးကြတယ်။ အဲလိုရေတွေမထားရ၊ ရှင်းလင်းရမယ်။ (OWMM) နည်းနဲ့ (RIM) နည်းတွေ ရှိတယ်။ ဇီဝထိန်းချုပ်မှုမှာ ခြင်ကိုနိုင်တဲ့ ပါရာဆိုက်၊ ပိုးမွှားနဲ့ ခြင်စားတဲ့အကောင်တွေ သုံးရတယ်။ Gambusia affinis ခြင်စားငါး၊ cyprinids နဲ့ killifish ငါးတွေမွေးရတယ်။ တီလားပီယားငါးလည်း ခြင်လောက်လန်းကိုစားတယ်။ ဒါပေမယ့် ငါးတွေ အများအပြားမွေးပြန်ရင် ဂေဟစနစ်ကိုထိခိုက်စေတယ်။ Bacillus thuringiensis ဗက်တီးရီးယား၊ Metarhizium anisopliae နဲ့ Beauveria bassiana အကောင်တွေကိုလည်းသုံးတယ်။ သဘာဝဝန်းကျင်ကိုမထိခိုက်စေတဲ့ Integrated pest management (IPM) နည်းကို သုံးနိုင်တယ်။

တခြားနည်းတွေကိုလည်း စမ်းသပ်နေပါတယ်။ မျိုးမပွါးနိုင်တဲ့ခြင်အထီးတွေ များများလုပ်ပေးနည်းလည်းပါတယ်။ အေးဒီးစ် အီဂျစ်ပတိုင်းခြင်ကိုနှိမ်ဘို့ တက်ထွာဆိုက်ကလင်းကို မျိုးပွါးခြင်အဆင့်တခုမှာ သုံးနည်း။ ခြင်လောက်လန်းကို ထောင်ချောက်ဆင်နည်း။ ခြင်လောက်လန်းကိုစားတဲ့ Gambussia Affinis, Ebites Reticulatus, Jewel-fish စတဲ့ငါးတွေမွေးနည်း။ ရေပြင်ပေါ်မှာ ပလပ်စတစ်လွှာဖုံးပေးနည်းလည်း ပါတယ်။ ရေမျက်နှာပြင်ပေါ်မှာ ရေနံဆီ၊ ထောင်ချောက်ဆင်နည်းမှာ BG-Sentinel traps သုံးတယ်။ လောက်လန်းသတ်ဆေး Methoprene ဆေးသုံးတယ်။

ခြင်ကိုက်အခံရအောင် လိမ်းဆေးတွေထဲမှာ DEET ပါတယ်။ 40% DEET ခြင်လိမ်းဆေးက ၇ နာရီကြာခံတယ်။ ဒီဓါတ်ကနေ ဆိုးကျိုးတွေဖြစ်စေနိုင်တယ်။ မှတ်ဉာဏ်မေ့၊ ခေါင်းကိုက်၊ ကြွက်သားအားနည်း၊ အဆစ်နာ၊ လက်တုန်၊ တက်၊ အာရုံကြောအဆိပ်သင့်၊ ဦးနှောက်ထိခိုက်၊ အရေပြားအနေရခက်၊ အင်ပြင်ထွက်၊ ပျို့-အန်၊ သွေးဖိအားကျ၊ နှလုံးခုန်နှေး၊ အသက်ရှူမဝ၊ မျက်ရည်ကျတာတွေဖြစ်နိုင်တယ်။ 1-methylpiperzine ဒြပ်ပေါင်းပါတဲ့ ခြင်ဖြန်းဆေးလည်း သုံးရတယ်။ ကြာကြာမခံပဲ အငွေ့ပျံတယ်။

ခြင်ဆေးထဲမှာပါတဲ့ Permethrin ဓါတ်ကနေလည်း ဆိုးကျိုးတွေရစေနိုင်တယ်။ အဆုပ်၊ အသည်းကင်ဆာကိုလည်း သံသယရှိတယ်။ ကလေးတွေအမူအယာပြောင်းတာလည်း ဖြစ်စေနိုင်တယ်။ အာရုံကြောကိုမကောင်းဖြစ်စေနိုင်တယ်။ ပျားကောင်တွေနဲ့ ကြောင်တွေကိုလည်း အဆိပ်သင့်စေနိုင်သေးတယ်။ ခြင်ဖြန်းဆေး DDT ကို ၁၉၅၈ ကတည်းက သုံးခဲ့ကြတယ်။ အခုတော့ ၁၄ နိုင်ငံမှာသာသုံးတော့တယ်။ သဘာဝဝန်းကျင် ထိခိုက်စေတယ်။ တချို့ခြင်တွေက ဆေးယဉ်ကြပြီ။ Lethal ovitraps ထောင်ချောက်သုံးတယ်။ Aedes mosquito ခြင်အရေအတွက်ကို ထိန်းချုပ်နိုင်တယ်။ တခြားနည်းတွေလည်းစမ်းနေတယ်။

သဘာဝနည်းတွေလည်းသုံးနိုင်ပါတယ်။ ခြင်မရှိရာမှာသာနေထိုင်ပါ။ နေ့ခင်းမှာသက်သာတယ်။ ရေသေရှိရာမှာသာ ခြင်ပေါတယ်။ ခြင်က ရေရှိမှသာ အသက်ရှင်ပြီး မျိုးပွါးနိုင်တယ်။ ရေကျန်နေနိုင်တဲ့ ပန်းအိုး၊ တာယာဟောင်း၊ အိုးခွက်၊ ရေမြောင်း၊ ရေတံလျှောက်၊ ရေလှောင်ကန်၊ အမှိုက်ပုံ၊ ငှက်သိုက်စတာတွေမှာ ရေကျန်မနေစေအောင် ရှင်းလင်းပါ။ အရောင်ဖျော့တဲ့ အဝတ်ဝတ်ပါ။ ခြေလက်ရှည်ဝတ်ပါ။ ဦးထုပ်၊ ခြေအိတ်ဝတ်ပါ။ ပန်ကာဖွင့်ထားပါ။ သစ်ကြံပိုးရွက်ဆီ၊ ဗနီဂါအကြည်ဆီနဲ့ သံလွင်ဆီရောထားတာကလည်း ခြင်ကိုနိုင်တယ်။ လိမ္မော်ယူကလစ် ၃၂% ဟာ ၃ နာရီကြာ ၉၅% မက အကာကွယ်ပေးတယ်။ လင်းနို့နဲ့ ပုစဉ်းရှိရင် ခြင်မနေနိုင်ပါ။ ထပ်တရာပန်းပင်စိုက်ထားပါ။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၆

Not a good evening

ကနေ့ညနေ တယ်အဆင်မပြေ။ မေးတာတွေက လိုရာမရောက်။
စည်းကမ်းမကျလို့ ဘယ်လိုပုဂ္ဂိုလ်က ဘာဖြစ်နေလို့ ဘာလုပ်ချင်မှန်း မသိတာတွေများ။
မေးနည်းပို့တာလည်း မေးနည်းအတိုင်း မမေးတတ်။
မေးတာကို ရှာမတွေ့ပါဘူးလို့ ၂-၃ ခါပြောလည်း မရ။
မြန်မာစာရေးတာ များလို့ဆိုပြီး အပြစ်တွေအများကြီးတင်သူကတင်။ သူ့ကိုတော့ ဘလော့လိုက်တယ်။
ကနေ့အဆင်မပြေရင် နက်ဖြန်တော့ ပြေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး