Date of birth တရားဝင်မွေးနေ့
နိုင်ငံရေးနဲ့ ပြည်ပြေးဘဝရောက်ကတည်းက မိဘကပေးထားတဲ့ နာမည်၊ အသက်၊ လူမျိုး၊ စတာတွေကို အမှန်အတိုင်း မသုံးခဲ့ရပါ။ ရအောင်လုပ်ထားတဲ့ (ပတ်စ်ပို့) အမျိုးမျိုးနဲ့ ကမ္ဘာပတ်ခဲ့ရတယ်။ (အင်မီဂရေးရှင်း) နဲ့တွေ့ရင် အဲဒါထဲမှာ ပါတာတွေကို အလွတ်ကျက်မှတ်ပြီး ဖြေရပါတယ်။ တခေါက်တမျိုး။ တန်းစီနေချိန်မှာ မင်္ဂလသုတ်ကို ရွတ်ရသေးတာ။
အမေရိကရောက်တာ ဘာထူးလဲမေးကြရင် မိဘကပေးထားတဲ့ နာမည်၊ အသက်၊ လူမျိုးကိုအမှန်အတိုင်း ပြန်ပြီး သုံးခွင့်ရလာတာပါပဲ။
ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၅
၅-၈-၂ဝ၁၆

Comments
Post a Comment