Hut and Hives အကာဆူးခက် အင်ဖက်အမိုး

ကျွန်တော့်ပို့စ်တခု = Hives အင်ပြင် ထွက်ခြင်း

ကွန်မင့်တခု = Ni Cole ကိုယ်တွေ့ပါ ဆေးခန်းနှစ်ခါပြောင်းပြတယ် ဆေးသောက်တယ် လူးတယ် မပျောက်ဘူး ဈေးသည်စီက အင်ဖက်သာ တောင်းပီးပွတ်ပလိုက်ပါ ယားရင်လဲ အဲ့ဖက်နဲ့သာလုံးပီးတော့ပွတ်ပါ တစ်ရက်ဆို သိသိသာသာပျောက်ပါပီ

Dr. Tint Swe ကွန်မင့်ကို ခဏနေရင်ဖျက်ပါရစေ။ ကိုယ်ပိုင်ဆေးနည်းတွေကို မိမိဖေ့စ်ဘွတ်မှာသာတင်ပါရန်လို့ အကြိမ်ပေါင်းများစွာ ရေးထားပြီးဖြစ်လို့ပါ။ ဆောရီး။

ယရစ်မပါ၊ တစ်လို့သာရေးပြီး ဆေးနည်းပေးတယ်။ ဈေးသည်စီကဆိုတော့ (ဆီက) မဟုတ်လို့ စီပိုးပဲမှတ်နေတယ်။

- အင်ပြင်ထွက် အင်ဖက်နဲ့ပွတ်ချေ။
- လေနာရင် လေသာမရှူနဲ့။
- ခါးနာရင် တမာပင်တက်။
- လိပ်ခေါင်းထွက် လိပ်ဥစား။
- ပေါင်ကြားပြည်တည် ပေါင်မြို့ကိုလည်။

ဗိုက်အောင့်လို့ မဟာမြတ်မုနိဘုရားထဲက ကြေးရုပ်ကြီးဗိုက်ကိုပွတ်တာကမှ ဘုရားဖူးဖြစ်မယ်။
အကာဆူးခက် အင်ဖက်အမိုး ကျူရိုးတိုင်ထူ နေပူကျဲကျဲ ဝက်သိုက်ထဲတွင် အုတ်ခဲခေါင်းအုံး အိုးတစ်လုံးဖျာမရှိ ဘူမိကဗ္ဗလာ မြေမွေ့ယာနှင့် ချူချာတော်မူလှသော့

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး