I beg your pardon ကန်တော့ပါ

ကျွန်တော့်ပို့စ်တခု = Prospect of Myanmar language မြန်မာစကား အလားအလာ

Pauk Pauk အရုပ်ရဲ့အဓိပ္ပါယ်ကို လွဲမှားစွာအသုံးပြုမိရင်ဖြင့် ကြောက်စရာပါဆရာ။ ဘာလို့ဆို မြန်မာတွေက အတွေးချော်တတ်လို့ပါနော်။

Tint Swe ကျွန်တော် အတော်ရှာယူထားတဲ့ပုံပါ။ ဖင်ပေါ် (ကန်တော့ပါ) တာကို လူကြားထဲပြချင်နေတဲ့ခေတ် ဖြစ်နေတယ် မဟုတ်လား။

သတ်ပုံနဲ့အရေးအသားအကြောင်းရေးတဲ့စာတပုဒ်မှာ သူများနည်းလည်ဘို့သာ အရေးကြီးတယ်လို့ အတွန့်တက်လာသူ တယောက်ရှိတယ်။ ကျွန်တော်ကလည်း အင်္ကျီကြယ်သီးပေါက်လွဲတပ်ထားလည်း ရင်ပတ်တော့လုံတာပေါ့ လူကြားထဲတော့ မထွက်နဲ့လို့ ကွန့်ရေးလိုက်တယ်။

အိပ်ယာထဲမှာ ပေါ်နေတာကို ဘယ်သူကမှ မပြောပါ။ သတ်ပုံတက်တက်စင်လွဲနေတာတွေကို လူတကာဖတ်တဲ့ ဖေ့စ်ဘွတ်မှာရေးတာက (ကန်တော့ပါ) ဖင်လှန်ပြတာနဲ့တူတယ်။

ဒေါက်တာတင့်ဆွေ
၅-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး