မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, March 27, 2016

Rainbow country သက်တန့်ရောင် မြန်မာနိုင်ငံ

သက်တန့်ရောင်ထဲမှာ အရောင် ၇ မျိုး (ခရမ်း၊ မဲနယ်၊ အပြာ၊ အစိမ်း၊ အဝါ၊ လိမ်မော်၊ အနီ) ပါတယ်လို့ အထွေထွေသိပ္ပံ စသင်ကတည်းက မှတ်သားရတယ်။ သတင်းတွေကို စိတ်ဝင်စားသူတိုင်း (အာလ်ထွာ ဝိုင်အိုလက်) ခရမ်းလွန်ရောင်ခြည် ဆိုတာသိမယ်။ ဆေးပညာနဲ့နီးစပ်ရင် (အင်ဖရာ ရဒ်) အနီအောက်ရောင်ခြည်ဆိုတာသိမယ်။

စက်ဝိုင်းလေးတခုမှာ အရောင် ခုနစ်မျိုးကို အညီအမျှ ချယ်သပြီး၊ လည်အောင် လှည့်လိုက်ရင် အဖြူရောင် တခုထဲ ထွက်လာတယ်။ ၅ တန်းကျောင်းသားတုန်းက ဂျပ်စက္ကူအဝိုင်းမှာ အရောင်ခုနစ်မျိုး အညီအမျှခွဲခြယ်၊ အလယ်မှာ အပေါက်လေးဖေါက်ပြီး၊ လည်အောင်လှည့်နည်းကို မသပ်မရပ်နဲ့ စမ်းသပ်ကြည့်ခဲ့ဘူးတယ်။

အနီအောက်ရောင်ခြည်ကို လူတွေက အကျိုးရှိအောင်အသုံးပြုနိုင်ကြတယ်။ ပင်မအရောင် (၇) ရောင်ရဲ့ အပြင်က ခရမ်းလွန်ရောင်ခြည်ဟာ လူကို အန္တရာယ်ပေးတယ်။

အဖြူရောင်တခုတည်းသာ ထွက်အောင် သက်တန့်ရောင်တွေကို စနစ်တကျရောစပ်ပြီး လည်ပတ်စေရမယ်။ မတူတဲ့ လူမျိုးစုတွေ၊ ကိုးကွယ်တဲ့သာသာတွေ စုဝေးနေထိုင်တဲ့ မြန်မာနိုင်ငံဟာ အလင်းနဲ့ တူတယ်။ ကနေ့မြန်မာပြည်မှာ -
(၁) ပင်မအရောင်တွေ သမမျှတနေအောင်လုပ်ရမယ်။ လည်ပတ်နေစေရမယ်။
(၂) ပြင်စွန်းက (အာလ်ထွာ) တွေရန်ကနေ ကာကွယ်ကြရမယ်။
(၃) အောက်ကျနေသူတွေ အသုံးကျတာကို အသိအမှတ်ပြုပြီးသကာလ၊ အဲတာတွေကို အားပေးမြှင့်တင်ကြရမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၄
၂၇-၃-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.