Skip to main content

Zhulian Instant Coffee Plus ဇူလီယန်ကော်ဖီ

ကနေ့မေးတာ ၂ ယောက်ရှိတယ်။ Zhulian ဇူလီယန်ကော်ဖီအကြောင်း။ Zhulian Instant Coffee Plus ဆိုတာထဲမှာ Ginseng extract ပါတယ်လို့ ရေးထားတယ်။ Zhulian ဇူလီယန်ကုမ္ပဏီက ထိုင်း၊ မြန်မာနိုင်ငံ၊ မလေးရှားနဲ့ ကမ္ဘောဒီးယားမှာသာရှိတယ်။ တခြားတိုင်းပြည်တွေမှာ မရှိပါ။

Zhulian ကော်ဖီဆေးသုတေသန မတွေ့သေးပါ။ ဆရာဝန်အနေနဲ့တော့ အကောင်း-အဆိုး မပြောနိုင်ပါ။ မပြောသင့်ပါ။ အစားအသောက်နဲ့ ဆေးဝါးတွေကို ဓါတ်ခွဲခန်းသုတေသန၊ အကောင်တွေကိုစမ်းတဲ့သုတေသန၊ စမ်းသပ်ခံလူနာတွေကို လေ့လာမှုနဲ့ ရေရှည်သုံးလို့ ဘာဖြစ်သလည်းဆိုတာတွေကိုကြည့်နိုင်မှသာ ကျန်းမာရေးအတွက် ကောင်းတယ်၊ မကောင်းဘူး၊ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေသိလာနိုင်တယ်ဖြစ်ပါတယ်။

Coffee Mix သောက်ခြင်းရဲ့ ကောင်းကျိုး-ဆိုးပြစ်တွေ သိချင်ပါတယ်ဆရာ။
• Coffee Mix ‘ကော်ဖီမစ်’ ကို သုတေသနလုပ်ထားတာ မတွေ့သလောက်ဖြစ်တယ်။ တွေ့ရင်ရေးပါမယ်။ ကော်ဖီထဲမှာပါတဲ့ ‘ကေဖင်း’ အကြောင်းရေးထားတယ်။ အထားခံအောင်လုပ်တဲ့ဓါတ်၊ အနံ့-အရသာအတွက် ထည့်တာနဲ့ ထုပ်ပိုးစရာတွေကိုလဲ သတိထားရပါမယ်။ ‘ကယ်လိုရီ’ ကိုလဲ တွက်ချက်ရပါမယ်။ အဆီပါဝင်မှုကိုလဲ တွက်ရပါမယ်။
• Instant coffee mix ‘အင်းစတင့် ကော်ဖီမစ်’ နဲ့ Powdered creamer ‘ခရမ်မာ နို့မှုံ့’ နှစ်မျိုးလုံးထဲမှာ High fat levels အဆီပါဝင်မှု များတယ်။ Fatty pork အဆီများတဲ့ဝက်သားနဲ့ ဆတူရှိတယ်လို့ ၂၄-၅-၂ဝ၁၃ နေ့ထုတ် တောင်ကိုရီးယား ဆေးသုတေသနသတင်းမှာပါတယ်။
• သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ Hwang Geum-taek ‘ဟွန် ဂွမ်-တိ’ ကနေပြောတာက အဲဒီ နှစ်မျိုးလုံးထဲမှာ လူတွေကျန်းမာရေးနဲ့မသင့်တဲ့ Saturated fat ပြည့်ဝဆီတွေ ပါနေတယ်လို့ဆိုပါတယ်။ သွေးထဲမှာ Cholesterol ‘ကိုလက်စထော’ ကို တက်စေပါမယ်။
• လေ့လာမှုလုပ်သူတွေကနေ ‘အင်းစတင့် ကော်ဖီမစ်’ ၁၁ မျိုးနဲ့ ‘ခရမ်မာ နို့မှုံ့’ ၁၄ မျိုးကို စမ်းသပ်ခဲ့တာပါ။
• ‘ခရမ်မာ နို့မှုံ့’ တွေထဲမှာ ၁၅့၎% ကနေ ၂၈့၅% ပါတယ်။ ၂၅% ဆိုတာ ဝက်သားအဆီနဲ့ဆတူတယ်။ ‘ကော်ဖီမစ်’ တွေထဲမှာ တမျိုးကလွဲရင် ၁ဝ% ပါတယ်။
• ‘ခရမ်မာ နို့မှုံ့’ ၁၂ မျိုးထဲမှာ ပြည့်ဝဆီ ၉ဝ% ပါတယ်။ ‘ကော်ဖီမစ်’ အားလုံးထဲမှာ ပြည့်ဝဆီ ၉၉% ပါတယ်။ ကြက်သားထဲမှာ ၂၉% နဲ့ အမဲသားထဲမှာ ၄ဝ% ပါတာနဲ့ယှဉ်ကြည့်သင့်တယ်။
• ‘ကိုလက်စထော’ များသူတွေဟာ နှလုံး-သွေးကြောရောဂါဖြစ်ဘို့ သတိထားကြပါတယ်။
• ၁၉-၂-၂ဝ၁၄ နေ့ကလာတဲ့ ဘီဘီစီကျန်းမာရေးသတင်းမှာ အစားအသောက်တွေကို ထုပ်ပိုးတဲ့ပစ္စည်းတွေရဲ့ ကျန်းမာရေး အန္တရာယ်အကြောင်းကို သိပ္ပံပညာရှင်တွေသိထားတာ နည်းနည်းလေးသာ ရှိသေးတယ်လို့ ပါရှိခဲ့တယ်။ ကနေ့အထိ အစားအသောက်တွေကို ထုပ်ပိုးဘို့ ဓါတုပစ္စည်းအမယ်ပေါင်း ၄ဝဝဝ လောက် သုံးနေကြပါတယ်။ ဒါတွေနဲ့ လူကိုဝစေတာ၊ ဆီးချိုဖြစ်တာ၊ အာရုံကြောထိခိုက်တာတွေကို လေ့လာဘို့ အများကြီး လိုနေပါသေးတယ်။ Formaldehyde ‘ဖေါ်မယ်လဒီဟိုက်’ ပါနေရင် ကင်ဆာကိုဖြစ်စေနိုင်တယ်။ ရေအပါအဝင် သောက်စရာတွေထည့်တဲ့ ပလပ်စတစ်ထဲမှာ ပါတတ်တယ်။

1. Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ http://dts-medicaleducation.blogspot.in/2013/08/caffeine.html
2. Caffeine in Tea (ကေဖင်း) နဲ့ လက်ဖက် http://dts-medicaleducation.blogspot.in/2013/08/caffeine-in-tea.html
3. Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.com/2010/10/coffee-and-your-health.html

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၆

Comments

Popular posts from this blog

Depo Provera Analysis သုံးလခံထိုးဆေး အတွေ့အကြုံဖေါက်သယ်ချခြင်း

Depo ထိုးဆေး ကိုယ့်အတွေ့အကြုံတွေကို (အွန်လိုင်း) မှာပြောကြတဲ့ အမျိုးသမီး ၅ဝ ကိုရွေးပြီး မျှဝေလိုက်ပါမယ်။ ပြောသူအားလုံးက အမေရိကန်တွေပါ။ မြန်မာအမျိုးသမီးတွေပြောတာကိုလဲ သိချင်ပါတယ်ဗျာ။
1) Depo ဆေး မထိုးဘဲနေတာ ၁၅ လကြာတော့ ကိုယ်ဝန် ပျက်တယ်။
2) Depo ကို ၁၂ နှစ်ကြာထိုးထားပြီး ၈ လစောင့်နေတာ ကိုယ်ဝန် မရသေးပါ၊
3) ဆေးမထိုးတာ ၃ လကြာပြီ၊ ရာသီပြန်မှန်အောင်လို့ ဆရာဝန်က စားဆေး စားခိုင်းထားတယ်၊ ၁-၂ နှစ်နေမှ ကိုယ်ဝန်ယူဘို့ ဆရာဝန်က ပြောတယ်။
4) ၆ လထိုးထားတယ်။ အခု ၁ နှစ်နဲ့ ၁ဝ လရှိနေပြီ၊ ရာသီက မမှန်သေးဘူး၊ ဒီကြားထဲမှာ ရာသီ ၆ ခါဘဲ လာတယ်။
5) ၁ နှစ်ထိုးထားတယ်။ မထိုးတာ ၁၆ လရှိပြီ။ Clomid ဆေးကြောင့် မျိုးဥတော့ ထွက်တယ်။ ကိုယ်ဝန် မရသေးဘူး။
6) ၅-၆ နှစ် Depo ထိုးခဲ့တယ်။ ၁၃ လကြာတော့ ကိုယ်ဝန်ရပါတယ်။
7) Depo မထိုးတော့တာ ၄ လရှိပြီး ကလေး မရသေးဘူး။
၁ဝ လ ထိုးထားပြီး အခု Othro tricylen (Norgestimate/Ethinyl estradiol) သောက်နေရတယ်။ ရာသီပြန် မှန်အောင်လို့။ ၆ လ ရှိနေပြီ။ ကလေးထပ်လိုချင်သူတွေ မထိုးစေချင်ဘူး။
9) ၂ နှစ်ခွဲ ထိုးထားတယ်။ မထိုးဘဲ ၄ လနေတော့ ရာသီပြန်လာတယ်။ ဒါပေမဲ့ ၂ ပါတ်တခါ လာနေတာ ၃ လရှိပြီ။ ၁ နှစ် ကျော်စပြုပြီ၊ ကိုယ…

Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ

၁။ ဒေါက်တာရှင့် ဆီးလမ်းကြောင်းမှာ ကျောက်တည်နေပါသည်။ သမီး fb မှာ ဒီကောမက်တခုပဲရေးတတ်ပါသည်။ တခြားဘာမှမလုပ်တတ်ပါ။ ခုက့ မှာနေပါတယ်။ သမီးရဲ့ညီမလေးပါ။ ဗိုက်အောင့်အောင့်နေတာ ကြာပါပြီ။ ဆေးသွားပြ ဓါတ်မှန်ရိုက်တော့ ဆီးလမ်းကြောင်းမှာ ကျောက်ရှိတယ်လို့ပြောပါတယ်။ လူက အရမ်းပိန်ပါတယ်။ ခွဲရမှာလဲ မိသားစုနဲ့ ဝေးတော့ အရမ်းအားငယ်နေတာပါ။ သမီးနားမလယ်လို့ပါဒေါက်တာ ကယ်တင်နိုင်တဲ့ဒေါက်တာ တွေ့တာနဲ့ဝမ်းသာအားရ မေးမိတာပါ။ မခွဲချင်ပါဘူးရှင့်။ ကျေးဇူးပြုပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ စိတ်အရမ်းပူနေလို့ပါရှင့်။
၂။ ဆရာ ကျနော့်အမေ ကျောက်ကပ်နှစ်ဘက်စလုံးခွဲထားရပါတယ်။ ဆယ်နှစ်ကျော်ပါပြီ။ ကျောက်တည်နေလို့ပါ။ အခုလဲ ကျောက်တွေပြန်တည်နေလို့ပါ။ အသက်က (၆၃) နှစ်ပါ။ ခုတလောအခြေအနေ နဲနဲဆိုးနေပါတယ်။ အဲဒါ ကျောက်ကျစေမဲ့ နည်းလမ်းများရှိရင် သိချင်ပါတယ်ဗျာ။ ထပ်ခွဲဖို့ဆိုတာကလဲအခက်အခဲနဲနဲရှိလို့ပါ။ ကျေးဇူးတင်ပါတယ်။
၃။ ကျွန်တော့့် မှာ အလုပ်လုပ်နေပါတယ်။ လွန်ခဲ့တဲ့ တနှစ်က နံရိုးဘေးအောက်မှာ နေ့တဝက်လောက် မခံမရပ်နိုင်လောက်အောင် နာကျင်ခဲ့ဖူးပါတယ်။ အခုတခါ ထပ်နာလာပါတယ်။ အာလ်ထွာဆောင်းရိုက်တော့ ကျောက်ကပ်မှာ ကျောက်တည်နေပါတယ်။ တဖက်က တစ်လုံး နောက်တဖက်က သ…

Tonics အားဆေး

၁။ ကျွန်တော့အဖွားကအသက် ၇ဝ ကျော်ပါပြီ။ သူမအတွက် လက်ဆောင် အားဆေးဝယ်ပေးချင်ပါတယ်။ ဘယ်လိုအားဆေးမျိုးက အသင့်တော်ဆုံးဖြစ်ပါသလဲခင်ဗျာ။

၂။ ကျွန်မအဖေက အသက် ၄၄ ပါ။ အဖေက ခုတလော အားနည်းပြီး မူးမူးနေတယ် ပြောပါတယ်။ အလုပ်လဲ အရမ်းများပြီး ကမ္ဘာ့ဖလားတုန်းက ဘောလုံးပွဲ သန်းခေါင်ကျော် ကြည့်တာလဲ ပါပါလိမ့်မယ်။ အသက် ၄ဝကျော်တွေ စားသင့်တဲ့ အားဆေး ပြောပြပေးပါလား ဆရာ။ အဖေက ခြေတွေ လက်တွေမှာ အရေခွံလဲ လန်တတ်ပါတယ်။ တခြား အားဆေးတွေနဲ့ မတည့်ပဲ မြန်မာပြည်က ထုတ်တဲ့ Vitazone စားမှ အဲဒီ အရေခွံ လန်တာတွေ ပျောက်ပါတယ်။ တော်တော်လဲ သိသာပါတယ်။ အဖေက အားဆေးတွေ ပုံမှန်သောက်ပါတယ်။ စိတ်ဖိစီးမှုလဲ မများပါဘူး။

၃။ ဆရာရှင့် ကျွန်မ၏သားဖြစ်သူ ၁၆နှစ်သား ၁၀တန်း ကျောင်းသားအား မည်သည့်အားဆေး တိုက်ရန် သင့်တော်သည်ကို ညွှန်ကြားပေးပါရှင် စာမေးပွဲ နီးလာပြီဖြစ်သဖြင့် နေမကောင်းမဖြစ်စေရန်နှင့် အားအင် ဖွံ့ဖြိုးစေချင်ပါတယ်ရှင်။ ကျေးဇူးပြု၍ ပြန်လည်ဖြေပေးပါရှင်။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။

အားဆိုတာ ဘာလဲ။ တယောက်တမျိုးပြောပါမယ်။ ဆရာဝန်ကတော့ ပြန်မေးချင်တယ်။ အပြေးသန်ချင်တာလား၊ ဝချင်တာလား၊ သွေးအားလား၊ ဗီတာမင်လား၊ အသည်းမကောင်းလို့လား၊ မိန်းမ-ယောက်ျား ပီသချင်တာလား။ …