Bloody or tarry stools ဝမ်းအမည်းရောင်သွားခြင်း

(ကန်တော့ပါ)

၁။ ဆရာ သမီးအဖေ မန္တလေးမှာဆေးရုံတင်ထားရတယ်။ အဖေ့အသက်က 68 ပါဆရာ။ ကျောင်ကပ်နှစ်ဘက်လုံး လုံးဝပျက်စီးလို့ ကျောက်ကပ်ဆေးနေရ။ အစာအိမ်အူလမ်းကျောင်းကလည်း သွေးယိုစိမ့်မှုရှိနေတယ်တဲ့ဆရာ။ မနေ့က တနေ့လုံး သွေးဝမ်းတွေ သွားနေတယ်။ ပထမနှစ်ကြိမ်သွားတာက ကတ္တရာစေးရောင်အမည်း။ အဲဒီနောက်တော့ သွေးချည်းပဲသွားတော့တာပါ။ မနက်ဖြန်တော့ မှန်ပြောင်းကြည့်မယ်ပြောတယ်ဆရာ။ အဖေ့အခြေနေ ကောင်းနိုင်ပါ့မလား။ အဖေ့အတွက် သောကတွေများလွန်းလို့ မအိပ်ရနိုင်ဘူးဆရာ။

၂။ အသက်က ၂၇ နှစ်ပါဆရာ။ အိမ်ထောင်မရှိပါဘူး။ (အသက်ကို နောက်မှရေးလို့ ရှေ့တိုးလိုက်ရပါတယ်။) နေမကောင်းတာ ဒီနေ့နဲ့ဆို ၅ ရက်လောက်ရှိပါပြီ။ ဆေးခန်းကပြန်လာတော့ ဝမ်းအမည်းတွေသွားနေလို့ပါဆရာ။ အဲ့ဒါ စိုးရိမ်ရလားဆရာ။ ပထမဆေးခန်းဆရာဝန်ကတော့ အူရောင်ငန်းဖျား ဖြစ်ချင်နေတာလို့ ပြောပါတယ်ဆရာ။ မသက်သာလို့ ဆေးခန်း ပြောင်းပြဖြစ်တော့ ဒုတိယဆရာဝန်ကတော့ အဲ့လိုမပြောပါဘူးဆရာ။

သံဓါတ်ဆေး၊ ဘစ်စမတ်ဆေး၊ ချောကလက်အမည်းရောင်၊ ခဲပါတဲ့အစာ၊ ဘလူးဘယ်ရီသီး၊ စတာတွေစားရင်လည်း ဝမ်းမည်းတယ်။ သတိထားရမှာက အစာမျိုပြွန်နဲ့ အစာအိမ်ကလာတဲ့သွေးဖြစ်တယ်။ ကလေးတွေမှာဖြစ်တာ စိုးရိမ်စရာ မရှိတာများတယ်။ မေးတဲ့သူတွေကို မေးစရာတွေ စစ်စရာတွေလုပ်ပြီးမှသာ ပြောနိုင်ပါမယ်။ သွေးသွင်းရနိုင်တယ်။

ဝမ်းအမည်းဆိုတာ သွေးလားစဉ်းစားရတယ်။ သွေးကအစာလမ်း (ပါးစပ်ကနေ စအိုအထိ) တနေရာရာကထွက်မယ်။ အစာအိမ်ကထွက်နေပြီး အန်ရင် ကော်ဖီညိုရောင်ဖြစ်မယ်။ အောက်ဆက်ဆင်းမယ်။ ကြာလေ အရောင်က မည်းနက်လေ။ ဝမ်းမှာ အမည်းရောင်ရင့်ရင့် ကတ္တရာစေးရောင်အထိ နက်မယ်။ အူတနေရာကနေလည်း ထွက်နိုင်တယ်။

Maroon-colored stools or bright red blood သွေးနီနီရဲရဲဆိုရင်
• သွေးကြောတွေပုံမှန်မဟုတ်ခြင်း၊
• စအိုကွဲခြင်း၊
• အူတနေရာကို သွေးမလျှောက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊
• Polyps or cancer အူသိမ်း၊ အူမကြီး အသားပိုအလုံး၊
• Diverticulosis အူမကြီးရောဂါ၊
• လိပ်ခေါင်း၊
• Crohn's disease or ulcerative colitis အူရောဂါများ၊
• အူသိမ်ရောင်ခြင်း (တိုက်ဖွိုက် အပါအဝင်)၊
• ထိခိုက်ဒဏ်ရာရခြင်း။

Bloody or tarry stools ဝမ်းအမည်းရောင်သွားခြင်း
• သွေးကြောတွေပုံမှန်မဟုတ်ခြင်း၊
• Mallory-Weiss tear အန်တာဆိုးလို့ အစာမျိုပြွန်သွေးကြောလေးတွေပေါက်ခြင်း၊
• အစာအိမ်သွေးယိုခြင်း၊
• အစာအိမ်ရောင်ခြင်း၊
• အူတနေရာကို သွေးမလျှောက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊
• Varices အစာအိမ်အထက်နား အစာမျိုပြွန်အဆုံးနေရာမှာ သွေးပြန်ကြောတွေဖေါင်းတဲ့ရောဂါတွေကနေဖြစ်နိုင်တယ်။ အရက်သောက်သူတွေ နာတာရှည်ဖြစ်လို့ Liver cirrhosis အသည်းခြောက်တာနဲ့ အစာအိမ်အထက်နား အစာမျိုပြွန် အဆုံးနေရာမှာ သွေးပြန်ကြောတွေ ဖေါင်းတဲ့ရောဂါ ဖြစ်တတ်တယ်။ အဲတာတွေ ပေါက်ရာကနေ သွေးထွက်ရင်လည်း အတူတူဖြစ်မယ်။ အသည်းခြောက်သူတွေမှာ အဲဒီအတိုင်းရောဂါ ရတတ်တယ်။ ဒီကနေဖြစ်တာကို ဆေးရုံတင်ကုသရမယ်။ အရေးပေါ်ဖြစ်တယ်။ ကုသနည်းတွေ မရေးတော့ပါ။

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၆

1. Anal and perianal disorders စအိုနေရာ ရောဂါများ http://dts-medicaleducation.blogspot.com/2011/12/anal-and-perianal-disorders.html
2. Anorectal diseases စအို-အစာဟောင်းအိမ် ရောဂါများ http://dts-medicaleducation.blogspot.com/2011/12/anorectal-diseases_17.html
3. Bleeding Peptic Ulcer အစာအိမ်နာသွေးယိုခြင်း http://doctortintswe.blogspot.com/2014/11/bleeding-peptic-ulcer.html
4. Blood in Stool စအိုက သွေးယိုခြင်း http://doctortintswe.blogspot.com/2016/12/blood-in-stool.html
5. Colorectal cancer အူမကြီးကင်ဆာ http://doctortintswe.blogspot.com/2015/03/colorectal-cancer.html
6. Fissure-in-Ano (FIA) စအိုကွဲနာ http://dts-medicaleducation.blogspot.com/2010/10/fia.html
7. Fistula-in-Ano (FIA) ဂရင်ဂျီနာ http://dts-medicaleducation.blogspot.com/2010/09/fistula-in-ano-fia.html
8. Heartburn ရင်ပူခြင်း http://doctortintswe.blogspot.com/2015/03/heartburn.html
9. Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/11/bleeding-peptic-ulcer.html
10. Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://doctortintswe.blogspot.com/2014/11/peptic-ulcer.html
11. Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/2012/01/hemorrhoids-treatment.html
12. Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducation.blogspot.com/2010/07/q-and-on-piles.html

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၆
၂၆-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး